spot_imgspot_imgspot_imgspot_img
Saturday, October 5, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံတိုက်ပွဲအတွင်း သေဆုံးတဲ့ စစ်ကောင်စီတပ်သား ရုပ်အလောင်းတွေကို ဖယ်ခုံ PDF မီးရှို့ပေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့က ဖယ်ခုံမြို့၊ ကုန်းဆုံဘုန်းကြီးကျောင်း တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ရုပ်အလောင်းကို ဖယ်ခုံ PDF နဲ့ ပြည်သူတွေ ပူးပေါင်းပြီး မီးရှို့ပေးခဲ့တယ်လို့ ယမန်နေ့ ဇန်နဝါရီ ၁၀ ရက်‌နေ့မှာ ဖယ်ခုံPDF က ဗီဒီယိုဖိုင်နဲ့ အသိပေးထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဖယ်ခုံမြို့မရဲစခန်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ ဗီဒီယိုဖိုင်ကို တော်လှန်ရေးရဲဘော်တွေက လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားတာရှိပါတယ်။

လက်ရှိမှာလည်း ဖယ်ခုံမြို့မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ဒေသခံပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ စစ်ကောင်စီတပ်ဟာ ကုန်းကြောင်းအပြင် ဖယ်ခုံအင်း ရေကြောင်းနဲ့ ထွက်ပြေးတိမ်းရှောင်သူတွေကိုလည်း ပစ်ခတ်မှု ပြုလုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲမဖြစ်ပွားတဲ့ ရက်တွေမှာလည်း မြို့တွင်းက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဖယ်ခုံမြို့တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်မှုပြုလုပ်တာရှိသလို လတ်တလော တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်ပြောလို့မရသေးကြောင်း KNDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ဖယ်ခုံမြို့နဲ့အနီးတစ်ဝိုက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့ကစ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

spot_img
spot_img

Recent posts