spot_imgspot_imgspot_imgspot_img
Wednesday, September 11, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့နယ်အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရေးအတွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များ ရွေးကောက်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီ – ရှမ်းပြည် နယ်စပ်က ဖယ်ခုံမြို့နယ်မှာ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နိုင်ဖို့အတွက် အုပ်ချုပ်ရေးအဖွဲ့ ကို ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ ( IEC )က ဖွဲ့စည်းပြီး အဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့မှာ ရွေးကောက်တင်မြှောက်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးကာလမှာ အုပ်ချုပ်ရေး ကဏ္ဍတွေ အဆင်သင့်ဖြစ်စေဖို့အတွက် ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အုပ်ချုပ်ရေးယန္တရား ရှိလာပြီဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် စစ်ကောင်စီကို တော်လှန်တာ နောက်ထပ်အနိုင်ကွက် တကွက်ပေါ့။” လို့ တက်ရောက်သူတစ်ဦးက ပြောပါတယ်။

ရွေးကောက်ပွဲကို ဖယ်ခုံမြို့နယ်ရှိ အုပ်စု ( ၁၃ ) စုက ကိုယ်စားလှယ်တွေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အဖွဲ့ ဝင် ၁၅ ဦးကို ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

ဖွဲ့စည်းလိုက်တဲ့ အုပ်ချုပ်ရေးအဖွဲ့မှာ ဥက္ကဌ ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူး ၊ ဒုတိယ အတွင်းရေးမှူး၊ ဘဏ္ဍထိန်း၊ စာရင်းကိုင်၊ စာရင်းစစ်၊ ဆက်သွယ်ရေးနဲ့ အဖွဲ့ ဝင်တွေ ပါဝင်ပြီး ဖွဲ့စည်းပုံအတိုင်း ဖွဲ့စည်းထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ဖယ်ခုံမြို့နယ် အုပ်ချုပ်ရေးယာယီရုံးကို ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts