spot_imgspot_imgspot_imgspot_img
Friday, December 13, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့နယ် ဆောင်နန်းခဲကျေးရွာ မီးရှို့ခံနေရ

ကန္တာရဝတီတိုင်း( မ် )

ရှမ်း – ကယားနယ်စပ် ဖယ်ခုံမြို့နယ်ထဲက ဆောင်နန်းခဲကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဒီကနေ့ ( မေလ ၁၆ ရက်နေ့ ) ည ၅နာရီအချိန်လောက်မှာ စစ်ကောင်စီကနေပြီး မီးရှို့နေတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

” သူတို့ ဆောင်နန်းခဲ ရွာ မီးရှို့တာကတော့ မီးခိုးတက်တာပဲ များတယ်ပေါ့နော။ ဒီကနေ လှမ်းကြည့်ရင်တော့ ၇ မိုင်လောက်ရှိတယ်ပေါ့။ အနီးအကပ်တော့ မမြင်ရဘူးပေါ့။ သူတို့ရွာ မီးရှို့တာ သူတို့ ညနေ ၅နာရီလောက် သူတို့မီးစရှို့တယ်လို့ ပြောတယ်ပေါ့နော။ ကျနော်တို့ ဒီကနေ လှမ်းမြင််ရတဲ့အချိန်ကတော့ ၅နာရီကျော်ပြီ။ ၅နာရီခွဲလောက်ရှိပြီထင်တယ်။ အခုလက်ရှိ အခြေအနေကတော့ ကျနော်တို့ ဒီဖက်ရွာတွေမှာ ပေါ့နော တောင်ဖက်ခြမ်းက ရွာတွေမှာကတော့ သတိအနေအထားနဲ့ပေါ့နော။ ရှောင်ရမယ်ဆိုရင်လည်း အဆင်သင့် ရှောင်လို့ရအောင်တော့ အားလုံးပြင်ဆင်ထားကြတယ်။ တချို့လည်း ရှောင်သွားကြပြီပေါ့။ ” လို့ ဆောင်နန်းခဲအနီး ကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

အိမ်ခြေ ၅၀ ဝန်းကျင်သာရှိတဲ့ ဆောင်နန်းခဲကျေးရွာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာအနီးက ကျေးရွာတစ်ရွာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆောင်နန်းခဲဒေသခံတွေနဲ့ အနီးအနားတစ်ဝိုက်က ဒေသခံတွေ စစ်ဘေးရှောင်ပြီးသွားပြီဖြစ်တယ်လို့ သိရပါတယ်။

“ အကုန်လုံးတော့ ကတော့ ရှောင်ထားပြီးပြီ။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီ ဆောင်နန်းခဲရဲ့ အနောက်မှာက နန်းပေါ်လုံတို့ရှိတယ်။ နန်းပေါ်လုံတို့လည်း ရှောင်ပြီ။ ဆင်ဖြူတို့လည်း ရွေ့နေပြီ။ သူတို့ ၄၂၂ကနေ စစ်ကြောင်းတစ်ကြောင်းထိုးလာတယ်။ ကျနော်တို့ နေ့လည် တစ်ချက်သွားကြည့်တယ်။ ထိုးလာမယ် ဆိုပြီးတော့ မထိုးဘူး။ တချို့ လုံးဝ မသွားနိုင်တဲ့လူတွေကိုလည်း ကျနော်တို့ ရွေ့ပြီးကုန်ပြီပေါ့နော။ “ လို့ KNDF B-03 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ယမန်နေ့ ( မေလ ၁၅ ရက်နေ့ ) မှာလည်း ဖယ်ခုံမြို့ အင်းအရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီ ၊ PNO နဲ့ ကရင်နီဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲတွေအတွင်းမှာ နှစ်ဖက် ကျဆုံးရှိခဲ့ပါတယ်။

spot_img
spot_img