spot_imgspot_imgspot_imgspot_img
Sunday, October 6, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့ပေမဲ့ ပြည်သူတွေ ပြန်မနေရဲသေး

ကန္တာရဝတီတိုင်း(မ်)

ဖယ်ခုံမြို့ပေါ်မှာ လက်ရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့ပေမဲ့ ပြည်သူတွေ ပြန်လည်နေထိုင်သူမရှိသေးပဲ နေအိမ်က ပစ္စည်းတွေကို လာရောက်သယ်ယူသူတွေနဲ့ နေအိမ်ပြန်ကြည့်သူသာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေကတော့ စစ်ကောင်စီရဲ့ လေကြောင်းရန် စိုးရိမ်တာကြောင့် ပြန်လည်နေထိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

“လုံခြုံရေးအတွက်တော့ ဘယ်လိုအသိပေးထားလဲ ဆိုရင်တော့ မြို့တွင်းထိမဝင်ဖို့တော့ တားမြစ်ထားတာရှိပါတယ်။ အဲ့လို တားမြစ်တာကော လက်နက်ကြီးတွေကော လေယာဥ်တွေကော မပြောတတ်ဘူးလေနော်။ အဲ့ကြောင့် ခုထိမြို့ပေါ်မှာက ပြန်မနေရဲကြသေးပါဘူး။”လို့ ဖယ်ခုံမြို့ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒေသခံတချို့ကတော့ မြို့တွင်းကို အပြီးပြန်နေကြဖို့မဟုတ်ဘဲ ပစ္စည်းပြန်ယူဖို့ အတွက်သာ ဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

“ပြန်ကြတယ်ဆိုတာ ကျန်ခဲ့တဲ့ပစ္စည်းတွေကို ပြန်ယူတာပဲများကြပါတယ်။ တချို့တော့လဲ နေအိမ်ပြန်ကြည့်ချင်တာပေါ့။ လုံခြုံရေးအရကတော့ ခွင့်တောင်းပြီးတော့မှ ဝင်ကြရတာပါ။” လို့ သူကပြောပါတယ်။

တိုက်ပွဲမရှိတော့တဲ့ ဖယ်ခုံမြို့တွင်းကို ပြန်လည်ဝင်ရောက်လာတဲ့ မြို့ခံတွေကို လုံခြုံရေးအရ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ဆေးမေးမြန်းမှုတွေရှိနေတယ်လို့ သိရပါတယ်။

spot_img
spot_img