spot_imgspot_imgspot_imgspot_img
Sunday, February 16, 2025
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့ ၊ နောင်လိုင်ကျေးရွာအနီးက ကမ်းစပ်မှာ အမျိုးသမီးအလောင်းတွေ့ရှိ

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ် အရှေ့ခြမ်းက နောင်လိုင်ကျေးရွာအနီး ကမ်းစပ်မှာ ယမန်နေ့ ဇန်နဝါရီ ၂၇ ရက်နေ့က အမျိုးသမီးအလောင်း တစ်လောင်းတွေ့ရှိခဲ့တယ်လို့ ကျေးရွာဥက္ကဌ ဆီကနေ သိရပါတယ်။

“မနေ့က နေ့လည် ၁၂ နာရီ လောက်ပေါ့ ရွာသားတစ်ယောက်က အလောင်းတွေ့ခဲ့တယ်ဆိုတာ ပြောပြလို့ ကျနော်ကိုယ်တိုင် သွားကြည့်ဖြစ်တယ် တကယ်ဟုတ်မဟုတ်။ ကမ်းစပ် ရောက်လို့ သေချာမှန်း သိတာ မွန်းလွှဲ ၁ နာရီ ထိုးပါပြီ။” လို့ ကျေးရွာဥက္ကဌက ဆိုပါတယ်။

တွေ့ရှိခဲ့တဲ့ အလောင်းဟာ မည်သူဘယ်ဝါဖြစ်ကြောင်း မသိရှိနိုင်တော့ဘူးလို့ ကျေးရွာ ဥက္ကဌက အခုလိုဆက်ပြောပါတယ်။

“ရုပ်အလောင်းက ရုပ်ရည် ခန့်မှန်းလို့မရအောင် ပျက်စီးပုပ်ပွတဲ့အနေအထားမှာဖြစ်နေတော့ KSP က တာဝန်ရှိသူတွေအပါအဝင် ကျနော်တို့အားလုံး ဝိုင်းဝန်းဆယ်ယူပြီး ညနေ ၄ နာရီ ကျော်အချိန်မှာ ကောင်းမွန်စွာ မြေမြုပ် ခဲ့ကြတယ်။”လို့ သူကဆက်ပြောပါတယ်။

အလောင်းတွေ့ရှိပြီးနောက် နီးစပ်ရာ ရွာခံ နဲ့ KSP အဖွဲ့ကို အကြောင်းကြားပြီးနောက် သဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်အတွင်းမှာလည်း ဖယ်ခုံမြို့နယ် အရှေ့ဖက်ခြမ်းက ပြည်သူ ၃ ဦးပျောက်ဆုံးနေတာရှိပြီး အဆိုပါ ပျောက်ဆုံးသူ ၃ ဦးဟာ နောင်လိုင်ကျေးရွာက မဟုတ်ဘူးလို့ အဆိုပါ ကျေးရွာဥက္ကဌ က ဖြည့်စွက်ပြောဆိုထားပါတယ်။

spot_img
spot_img