spot_imgspot_imgspot_imgspot_img
Thursday, March 27, 2025
spot_imgspot_imgspot_imgspot_img

ဖယ်ခုံအင်းရေ မြင့်တက်လာတာကြောင့် လယ်ဧကထောင်နဲ့ချီရေမြှုပ်၊ တောင်သူများ အရှုံးပေါ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီပြည်နယ်စပ်မှာ မိုးဆက်တိုက်ရွာသွန်းတာကြောင့် ဖယ်ခုံ အင်း ရေမြင့်တက်လာပြီး အင်းအနီးတ၀ိုက်က လယ်တွေရေမြှုပ်သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အင်းအနီးတ၀ိုက်မှာ လယ်ဧက ထောင်နဲ့ချီရှိနေတာဖြစ်ပြီး၊ စပါးပင်တွေ ရေမြှုပ်သွားတာကြောင့် အရှုံးပေါ်နေပြီ လို့ ဒေသခံတောင်သူတဦးက ဆိုပါတယ်။

” တချို့တွေက စပါးမမှည့်ဘူး၊ စပါးမမှည့်ဘူး အဲ့တာ တခင်းလုံးမြှုပ်သွားတဲ့ ဟာတွေပေါ့နော။ ဒါကတော်တော်လေး ကိုအရှုံးပေါ်တယ်ပေါ့။ တဧက ကိုခန့်မှန်းချေ ငွေသားနဲ့ဆိုတော့ ၇သိန်း ၈သိန်း။ မြေသြဇာဖိုးပဲဆိုတော့ ဒီလောက်လောက်တော့ ကျသွားတာပေါ့။ အဲတာ (ရေ) မြှုပ်သွားတဲ့ တောင်သူတွေတော်တော်များတယ်ပေါ့” လို့ ဒေသခံတောင်သူတဦးကပြောပါတယ်။

ဒါ့အပြင် မိုးဗြဲမြို့ဧရိယာ တ၀ိုက် နဲ့ ဘုရားဖြူ ၊ဘုရားနီ ဧရိယာ တွေ အထိ ရေမြှုပ်နေတယ်လို့ သိရပါတယ်။ စပါးအရှုံးပေါ်ရုံတင်မကပဲ ငါးမွေးမြူရေလုပ်ငန်း လုပ်တဲ့ တောင်သူတွေဟာလည်း အရှုံးနဲ့ရင်ဆိုင်ရတယ်လို့ ဆိုပါတယ်။

“အခုတောင်ယာပြန်လုပ်တဲ့ တောင်သူတော်တော်များများကကျတော့ အဆင်မပြေကြဘူးပေါ့နော။ ဒီလိုအဆင်မပြေတဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့က တောင်ယာတွေလယ်ယာတွေ ပြန်လုပ်နေရတယ်။ ဒါပေမဲ့လည်း ဒီလို ထပ်ပြီးမှ ထပ်ဆုံးရှုံးမယ်ဆိုရင်လည်း ဒါမတတ်နိုင်ပါဘူး ကံတရားလို့ပဲ ပြောလို့ရမှာပေါ့” လို့ တောင်သူတဦးက ပြောပါတယ်။

မိုးဗြဲ၊ ဘုရားဖြူ၊ ဘုရားနီ ဧရိယာတွင်းက တောင်သူတွေဟာ ဖယ်ခုံအင်းမှ ခွဲထွက်လာတဲ့ ချောင်းငယ်လေးတွေ၊ အင်းငယ်လေးတွေကို အဓိကထားအမှီပြုပြီး လယ်ယာစိုက်ပျိုးကြရတာဖြစ်ပါတယ်။

လွိုင်ကော်မြို့နယ်အတွင်း ကုန်းသာကျေးရွာအုပ်စုက ဒေသခံတောင်သူတွေ စိုက်ပျိုးထားတဲ့ စပါးခင်းတချို့မှာလည်း ရေနှစ်မြှုပ်နေတာကြောင့် ရိတ်သိမ်းချိန် မတန်သေးဘဲ ရိတ်သိမ်းလိုက်ရတဲ့ စပါးခင်းတွေ ရှိတယ်လို့ ဆိုပါတယ်။

“စပါးနဲ့ ပတ်သက်ရင် များတယ် တစ်ချို့ခါကျတော့ မမှည့်သေးပဲနဲ့ ရိတ်ရတဲ့မျိုးလည်းရှိတယ်။ တချို့ခါကြတော့ အနှံစထွက်ကတည်းက ရိတ်လို့မရတော့ မြုပ်သွားတာလည်းရှိတယ်။ တော်တော်များတယ်။ လယ်ခါကြတော့ ဧကပေါင်းများမယ်ထင်တယ်။ ရာနဲ့ချီမယ်ထင်တယ်။” လို့ ဝါရီကောခူကျေးရွာက ဒေသခံတောင်သူတစ်ဦးက ပြောပါတယ်။

တောင်ယာ၊ လယ်ယာကိုသာ အဓိက အားထားမှီခိုရတဲ့ ဒေသခံတွေဟာ စပါးပျက်စီးမှုရှိနေတာကြောင့် လာမယ့် နှစ် စားသောက်ရေးအတွက် စိုးရိမ်ပူပန်နေကြတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts