spot_img
Sunday, December 4, 2022
spot_img

ဖယ်ခုံ၊ လွယ်ဟွဲမှာ တိုက်ပွဲဖြစ်နေ၊ စစ်တပ်က ပြည်သူအိမ်မီးရှို့

spot_imgspot_imgspot_imgspot_img
ဓါတ်ပုံ – ဖယ်ခုံPDF

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့(နိုဝင်ဘာ ၃ရက်) မွန်းလွဲပိုင်း ၂နာရီခွဲဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဖယ်ခုံ PDFက ကန္တာရဝတီတိုင်း(မ်)ကို မွန်းလွဲ ၃နာရီအချိန်မှာ အတည်ပြုပြောပါတယ်။

” တိုက်ပွဲကတော့ ပြင်းပြင်းထန်ထန်ဖြစ်နေကြတယ်။ အခုတော့ နည်းနည်းလေး ပြန်ငြိမ်ပြီးတော့ ပစ်တော့ ပစ်နေတယ်။ ရှေ့မှာလည်း မြင်နေရတယ်။ တချို့ဟာတွေ နာရီ ဝက်တော့ရှိပြီ တော်တော်ကြာပြီ။ “

စစ်ကောင်စီဖက်ကနေပြီးတော့လည်း ပြည်သူနေအိမ်မီးရှို့နေတာတွေရှိနေပြီး လက်ရှိအချိန်ထိတော့ ပြည်သူနေအိမ် သုံးလုံး မီးလောင် ပြာကျသွားတယ်လို့ သိရပါတယ်။

” လောင်တဲ့အချိန်ကတော့ နည်းနည်းတော့ကြာပြီ ကျနော်တို့လည်း တိုက်ပွဲဖြစ်နေတော့ အချိန်မှတ်မထားဘူး။ သူတို့ရှို့တဲ့မီးကတော့ များတယ်။ ကျနော်တို့ရောက်တော့ ၃အိမ်တော့ပြောင်သွားတယ်။ ကျန်တဲ့အိမ်တော့ မီးငြိမ်းနိုင်တယ်ဗျ။ “

ဖယ်ခုံဖက်မှာဆိုရင် စစ်ဘေးရှောင် နှစ်ထောင်ဝန်းကျင် ရှိနေပြီး မနေ့က တိုက်ပွဲကြောင့် အသက်(၇၀)ဝန်းကျင် ဒေသခံ ပြည်သူ တစ်ဦး သေဆုံးခဲ့ရပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

မိုဆို ဖြစ်စဉ် မှာ ပါဝင်ခဲ့တဲ့ ခမရ (၁၀၈)တပ်ရင်းက တပ်ကြပ်ကြီးအပါအဝင် သုံ့ပန်း ၄ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း KNDFဆို

ကန္တာရဝတီတိုင်း( မ် ) ယမန်နေ့ (ဒီဇင်ဘာလ ၃ရက်) ဒီးမော့ဆို ဒေါကမီး ကျေးရွာတိုက်ပွဲအတွင်းမှာ မိုဆို ဖြစ်စဉ် က ပါဝင်ခဲ့တဲ့ ခမရ (၁၀၈)တပ်ရင်းမှ တပ်ကြပ်ကြီး အပါအဝင် စစ်သုံ့ပန်း ၄ဦးကို အရှင်ဖမ်းဆီးရမိထားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ...

ဒီးမော့ဆိုမြို့မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီမှ လေကြာင်းအကြိမ်ရေ ၂၀အထက် အသုံးပြုတိုက်ခိုက်

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် ဒီးမော့ဆိုမြို့တွင်းတစ်နေရာမှာ ဒီကနေ့ ( ဒီဇင်ဘာလ ၃ ) ရက်နေ့ မနက်အစောပိုင်းကစ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ရေ ၂၀အထက် အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းအချက်အလက်အရ သိရပါတယ်။ “တိုက်ပွဲဖြစ်တဲ့နန်းမယ်ခုံ သေးဆူလဲ ကုန်းသာဖက်တကြောဖြစ်မယ်။...

စစ်တပ်အား ရိက္ခာပို့ပေးသော BGF ကားတစ်စီး ဖမ်းဆီးခံရ၊ မူးယစ်ဆေးဝါး အချို့တွေ့ရှိ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် လွိုင်ကော်မြို့နယ် ပါလောင်း ကျေးရွာမှာ စစ်ကောင်စီကို ရိက္ခာပို့ဆောင်ပေးနေတဲ့ နယ်ခြားစောင့်တပ် BGF ရဲ့ကားတစ်စီးကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့မှ ဖမ်းဆီးခဲ့ပြီး ကားပေါ်မှာ မူးယစ်ဆေး-ရာဘ(စိတ်ကြွရူးသွပ်ဆေးပြား) နှစ်ထောင်ဝန်းကျင်ကိုလည်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ယမန်နေ့ (ဒီဇင်ဘာလ၁ရက်နေ့) က မြေပြင်သတင်းအရင်းအမြစ်ရဲ့ သတင်းပေးပို့ချက်အရသိရှိရပါတယ်။ BGF ၆ဦး နဲ့အတူ လက်နက်ခဲယမ်းတချို့ကိုဖမ်းဆီးမိခဲ့ပြီး မူးယစ်ဆေး...

သေးဆူလဲ – နန်းမယ်ခုံ ကျေးရွာ တစ်ကြောမှာ စစ်ကောင်စီတပ်ပြန်ဆုတ်ခွာ၊ စစ်ရေးတင်းမာနေသေး

ကန္တာရဝတီတိုင်း( မ် ) ဒီးမော့ဆိုမြို့ နယ် သေးဆူလဲ - နန်းမယ်ခုံ ကျေးရွာ တစ်ကြောမှာ စစ်ကောင်စီတပ် မနေ့က ( နိုဝင်ဘာလ ၃၀ ရက်နေ့ ) စပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ ကရင်နီပြည် ကာကွယ်ရေး ဒု-ဝန်ကြီး ခူဒယ်နီယာယ်က ပြောပါတယ်။ “နှစ်ရက်သုံးရက်လောက်ရှိပြီ။ သေးဆူလဲ-...