spot_imgspot_imgspot_imgspot_img
Wednesday, June 18, 2025
spot_imgspot_imgspot_imgspot_img

ဖယ်ခုံ-ညောင်ရွှေနယ်စပ်မှာ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားနေဆဲ ၊ နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိဟုဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံ -ညောင်ရွှေ နယ်စပ်မှာ လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေရှိခဲ့တယ်လို့ ဒီကနေ့ ဇွန်လ ၁၁ ရက်နေ့မှာ ဖယ်ခုံ PDF(၁၀၀၆) တပ်ရင်းက အသိပေးထုတ်ပြန်ထားပါတယ်။

ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ အတွင်းမှာ နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ပြီး စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့ စစ် (PNO) တပ်ဖွဲ့ဖက်မှ (၅)ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိကြောင်းအတည်ပြုသတင်းရရှိတယ်လို့ ဆိုပါတယ်။

အဆိုပါ ဖယ်ခုံ-ညောင်ရွှေ နယ်စပ် တိုက်ပွဲဟာ ပြီးခဲ့ တဲ့ ဇွန်လ ၂ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ညောင်ရွှေမြို့နယ် ရေပူကျေးရွာအတွင်းကို စစ်ကြောင်းထိုးလာခဲ့တာပါ။

ဇွန်လ ၂ရက်နေ့ကစပြီး မြေပြင် နှစ်ဖက် တိုက်ပွဲ စတင်ခဲ့ပြီး လက်ရှိအချန်ထိ ဖြစ်ပွားကာ ၁၀ ရက်ဝန်းကျင် ကြာမြင့် နေပြီဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ ပြည်သူ့စစ် PNO တို့ရဲ့ ထိုးစစ်တွေကြောင့် လက်ရှိမှာလည်း ဖယ်ခုံ-ညောင်ရွှေနယ်စပ်အပြင် ကရင်နီက ကုန်းသာကျေးရွာမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေ စစ်ရေးလှုပ်ရှားမှုတွေရှိနေပြီး
ဖယ်ခုံမြို့နယ်တစ်ဝှမ်းမှာ စစ်ရေးအခြေနေတွေ တင်းမာလာနိုင်တယ်လို့ ဖယ်ခုံ PDF (၁၀၀၆) တပ်ရင်းက ထုတ်ပြန်ချက်မှာ အသိပေးဖော်ပြထားပါတယ်။

ဒါ့အပြင် PNO ပြည်သူ့စစ်ကနေ ဦးဆောင်လမ်းပြမှုဖြင့် စစ်ကြောင်းထိုးနေတဲ့ ကျေးရွာက ပြည်သူတွေကို အတင်းအကြပ်စစ်မှုထမ်းစေတာ၊ ငွေကြေး အတင်းအဓမ္မတောင်းခံတာတွေ ပြုလုပ်နေတဲ့ အပြင် ညှင်းပန်းနှိပ်စက်မှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

အဆိုပါ လုပ်ရပ်တွေကြောင့် တိုက်ပွဲဖြစ်ပွားရာနေရာ နဲ့ အနီးဝန်းကျင်ရှိ မိဘပြည်သူတွေ အနေနဲ့ ကာကွယ်ရေးတပ်တွေ အသိပေးထုတ်ပြန်ထားတဲ့ စစ်ရေးသတိပေးတွေကို မိမိတို့လုံခြုံရေးအတွက် လိုက်နာဆောင်ရွက်ကြဖို့ကိုလည်း ဖယ်ခုံ PDF (၁၀၀၆) တပ်ရင်းက တိုက်တွန်းထားပါတယ်။

spot_img
spot_img

Recent posts