spot_imgspot_imgspot_imgspot_img
Tuesday, January 21, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆိုက အိမ်သာကျင်းတခုထဲမှာ ပြန်လည်တွေ့ရှိတဲ့ တော်ခူရွာသစ်ဒေသခံတစ်ဦးရဲ့ အရိုးစုကို ကောင်းမွန်စွာ သင်္ဂြိုလ်ပေး

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းကို ခံရတဲ့ ဖရူဆိုမြို့နယ်၊ တော်ခူအုပ်စု ၊ တော်ခူရွာသစ်က ဒေသခံအမျိုးသားတစ်ဦးရဲ့ အရိုးစုကို အိမ်သာကျင်းတခုမှာ ပြန်လည်တွေ့ရှိပြီး ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ အမျိုးသားဟာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် ၉ လပိုင်းမှာ နန်းဖဲကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ တစ်နှစ်အကြာ ၂၀၂၄ခုနှစ် ၁၁ လပိုင်း၂၈ရက်နေ့မှာတော့ ဖရူဆိုက ကျေးရွာတစ်ရွာမှာ နယ်မြေရှင်းလင်းရေး လုပ်နေစဉ် တော်လှန်ရေးတပ်ဖွဲ့တွေက ပျောက်ဆုံးသူရဲ့ အရိုးစုကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

တွေ့ရှိပြီးနောက် အနီးအနားမှာ ဒေသခံတွေ ပျောက်ဆုံးသူ ရှိ ၊ မရှိ ကို မေးမြန်းခဲ့ပြီး ပျောက်ဆုံးသူရှိတာကြောင့် အတည်ပြုဖို့အတွက် မိသားစုနဲ့နီးစပ်သူတွေက လာရောက်ပြီး ပျောက်ဆုံးစဉ်က ဝတ်ဆင်ထားတဲ့ အဝတ်အစားအရ အတည်ပြုနိုင်ခဲ့ပါတယ်။ အရိုးစုကိုတော့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ပါတယ်။

“ ၂၀၂၃ခုနှစ် ၊ ၉ လပိုင်းမှာ စပျောက်သွားတယ် ဘယ်လိုမှ ရှာလို့မရတော့ဘူး။ ဒီနှစ်မှပဲ အလောင်းတွေ့ရတယ် နန်းဖဲက ပျောက်တဲ့သူတစ်ယောက်များ ဖြစ်မလားတဲ့ ပြောပြတော့ ဒီမှာက ပျောက်တဲ့သူမရှိဘူး နင်တို့လာကြည့်ဆိုတော့ မှန်ကန်တာပေါ့ ကျနော်တို့လူဖြစ်တော့ ပြန်ယူလာတာပေါ့။ သူ့အဝတ်အစားတွေအကုန်လုံး ပေကျံနေတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အရိုးစုပိုင်ရှင်ဟာ အသက် ၃၆နှစ်အရွယ် အောင်မြင့်ထွေးလို့ အမည်ရပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့ယွင်းသူ ဖြစ်တယ်လို့ သိရပါတယ်။ အရိုးစုကို ပြန်လည်တွေ့ရှိချိန်မှာတော့ လက်၊ ခြေကို ကြိုးတုပ်ထားတဲ့ အနေအထား တွေ့ခဲ့ရပါတယ်။

spot_img
spot_img
spot_img

Recent posts