spot_img
Friday, March 24, 2023
spot_img

ဖရူဆိုမြို့နယ်မှာ ဩဂုတ်လအတွင်း စနိုက်ပါပစ်ခတ်မှုကြောင့် စစ်ကောင်စီ ၁၅ဦးသေဆုံး

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း( မ် )

ဖရူဆိုမြို့နယ် ဆိုလျားကူးကျေးရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်ကို စနိုက်ပါ ပစ်ခတ်မှုကြောင့် ဩဂုတ်လအတွင်း စစ်ကောင်စီတပ်သား ၁၅ဦး သေဆုံးတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG ) ရဲ့ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဒီကနေ့ ဩဂုတ်လ ၁၉ရက်နေ့မှာ ပြောပါတယ်။

ဩဂုတ်လ ၁၄ရက်နေ့မှာ ၁ဦး၊ ၁၆ရက်နေ့မှာ ၃ဦး၊ ၉ရက်နေ့မှာ ၁၁ဦး ပစ်ခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဩဂုတ်လ ၁၄ရက်နဲ့ ၁၆ရက်နေ့ ပစ်ခတ်မှုတွေမှာ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး Sniper အဖွဲ့ ၊ KNDF Sinper အဖွဲ့ ၊ Loikaw PDF Sinper အဖွဲ့တို့ ပူးပေါင်းပြီး စစ်ကောင်စီကို သွားရောက်ပစ်ခတ်မှုပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ဩဂုတ်လ ၉ရက်နေ့ပစ်ခတ်မှုဟာ ဖရူဆိုမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်နေစဉ်အတွင်း ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။

ဖရူဆိုမြို့နယ် ဆိုလျားကူးကျေးရွာကို စစ်ကြောင်းထိုးလာပြီး ခြေကုတ်ယူဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဩဂုတ်လ ၉၊ ၁၀၊ ၁၁၊ ၁၂ ရက်နေ့တွေမှာ ၄ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြပါသေးတယ်။ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နေအိမ်အချို့ပျက်စီးမှုလည်းရှိခဲ့တယ်လို့ ဒေသခံတွေကဆီကနေ သိရပါတယ်။

“စစ်ကောင်စီကတော့ အခုလက်ရှိ ဖရူဆိုနဲ့ ဒီးမော့ဆိုဘက်ကို ပြန်ထိုးဖို့ ကြိုးစားနေတယ်။ ဒါပေမယ့်လည်း သူတို့ တိုးမရဘူးဖြစ်နေတယ်။” လို့ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာလည်း ဖရူဆိုမြို့နယ်၊ ထီးကလူဒေါရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီကို စနိုက်ပါနဲ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က ၉ဦး သေဆုံးခဲ့တယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က ဩဂုတ်လ ၄ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့အနေနဲ့ ဒေသခံညီနောင်မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စစ်ကောင်စီ ပြုတ်ကျရေးအတွက် ပုံသဏ္ဍာန်မျိုးစုံ ၊ တိုက်ခိုက်နည်းမျိုးစုံနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို လေကြောင်းတိုက်ခိုက်ပြီး နေအိမ် ( ၁၀၀ ) ဝန်းကျင် မီးလောင်ပျက်စီး

ကန္တာရဝတီ တိုင်း(မ်) ဒီကနေ့ မတ်လ ၂၄ ရက်နေ့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တစ်နေရာကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ကန္တာရဝတီတိုင်း(မ်)ရဲ့ မြေပြင်သတင်းထောက်မှ သတင်းပေးပို့ချက်အရ သိရပါတယ်။ ကျေးရွာတစ်ရွာထဲကို ယနေ့ နေ့လည် ၁၂ နာရီ မိနစ် ၄၀ ဝန်းကျင်မှာ...

စစ်ကောင်စီစစ်ကြောင်းထိုးမှုကြောင့် ကရင်နီ စစ်ရှောင်ဦးရေ နှစ်သိန်းခွဲအထိ ရှိလာ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် စစ်ရှောင်ပြည်သူ နှစ်သိန်းခွဲအထိ ရှိလာပြီလို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC) ရဲ့ လူသားချင်းစာနာထောက်ထားမှုကော်မတီ တာဝန်ခံ ဦးဗညားက ပြောပါတယ်။ “အနည်းဆုံးကတော့ ၂သိန်းခွဲရှိသွားပြီလို့ ကျနော်တို့က ယတိပြတ်ပြောလို့ရသွားပြီပေါ့နော။ ဘာဖြစ်လို့ အဲ့လိုပြောရတာလဲဆိုရင်တော့ အရင်က ၂ သိန်းဝန်းကျင် ရှိတယ်လို့ ခန့်မှန်းခဲ့ကြတယ်။ ဒီလိုမျိုးခန့်မှန်းချက်ကလည်း မြို့နယ်အလိုက်...

ဒီးမော့ဆိုအရှေ့ဘက် (၂)ပတ်ကျော် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တစ်ရာဝန်းကျင် သေဆုံးပြီး ပူးပေါင်းတပ်မှ (၄)ဦးကျဆုံး

ကန္တာရဝတီတိုင်း(မ်) ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ မတ်လ ဒုတိယအပတ်ကနေစပြီး စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာ ၂ပတ် ကျော် ရှိလာပြီဖြစ်ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်းမှာ နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေ ရှိနေပြီး စစ်ကောင်စီဖက် တစ်ရာဝန်းကျင်သေဆုံးပြီး ပူးပေါင်းတပ်မှ (၄)ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ “ အရေအတွက်တော့ မသိဘူး။ ဒါပေမယ့် အကျအဆုံးတော့...

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းတိုက်ပွဲအတွင်း KNDF တပ်ရင်း (၁၀)မှ ရဲဘော်နှစ်ဦးကျဆုံး

ကန္တာရဝတီတိုင်း(မ်) တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေတဲ့ ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ ဒေါညေးခူ၊ ဒေါတမကြီးကျေးရွာတိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) တပ်ရင်း (၁၀)မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ KNDF တပ်ရင်း (၁၀)က ဒီကနေ့ ( မတ်လ ၂၄ ရက်နေ့) မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့...