spot_imgspot_imgspot_imgspot_img
Saturday, March 22, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၄ဦးသေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ယမန်နေ့ ( ဇူလိုင်လ ၂၂ ရက်နေ့ )မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄ဦး သေဆုံးတယ်လို့ ဖရူဆိုPDF က ယမန့်နေ့က ထုတ်ပြန်ထားပါတယ်။

ကရင်နီတပ်မတော် ( KA ) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF B-04 )၊ ဖရူဆို PDF ၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့၊ အလယ်ပိုင်းတိုင်းတပ်ရင်း ၁၁၀၁ ပူးပေါင်းတပ် နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ရက်နေ့မှာလည်း ဖရူဆိုမြို့ အမှတ် ၁၄ စစ်ရေးလေ့ကျင့်ကျောင်းကနေ ထွက်လာတဲ့ စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ဦး သေဆုံးခဲ့ပါတယ်။

KNDF ရဲ့ ဇူလိုင်လ တတိယအပတ်ထုတ်ပြန်ချက်အရ ကရင်နီပြည်မှာ တစ်ပတ်အတွင်း စစ်ကောင်စီနဲ့ ၇ကြိမ် ထက်မနည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ တစ်ပတ်အတွင်းမှာ ဖရူဆို၊ ဒီးမော့ဆို၊ ဖယ်ခုံ၊မိုးဗြဲတို့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂၇ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ KNDF က ဇူလိုင်လ ၂၂ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img
spot_img

Recent posts