spot_img
Monday, March 27, 2023
spot_img

ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်းရှိ ကျေးရွာများ Lockdown နှစ်ပတ်ချ

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်းရှိ ကျေးရွာတွေမှာ ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် အဝင်အထွက်ဂိတ်ထားရှိပြီး ဒေသခံပြည်သူကနေ ကိုယ်ထူကိုယ်ထစနစ်နဲ့ ဇူလိုင်လ ၂၄ရက်နေ့မှ ဩဂုတ်လ ၆ ရက်နေ့အထိ (၁၄)ရက် အတွင်း ဝင်ထွက်သွားလာခွင့် (Lockdown) နှစ်ပတ် ချမှတ်ထားတယ်လို့ သိရပါတယ်။

“လောလောဆယ် အခု နှစ်ပတ်ကို Lockdown ချထားတယ် နောက်လ ၈ရက်နေ့အထိပေါ့နော။ ၈ရက်နေ့ပြီးသွားရင်တော့ ကျတော်တို့ ဆက်ပြီးမှ အဝင်အထွက်တွေကိုပဲ ပြန်ပြီး Check လုပ်ပြီးတော့မှပဲ ကျတော်တို့ပြန်လွှတ်ပေးမယ်ဗျ။ ရိက္ခာတွေသယ်မယ်ဆိုရင်လည်း တစ်ပတ်မှာ ၂ ရက်သတ်မှတ်ပြီးတော့မှ လွှတ်ပေးဖို့ အစီအစဉ်ရှိတယ်။ နေ့တိုင်းတော့ ဝင်ထွက်သွားလာတာကိုတော့ ခွင့်မပြုဘူးဗျ။ အဲ့လိုပြန်စီစဉ်ဖို့ ကျတော်တို့ Lockdown နှစ်ပတ်ပြီးရင်တော့ အဲ့လိုလုပ်ဖို့ စီစဉ်ထားတယ်ဗျ။”လို့ ကိုဗစ်-၁၉ ကာကွယ်၊ တုံ့ပြန်ရေး ကော်မတီမှ အဝင်အထွက် ဂိတ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အရေးပေါ်ကိစ္စများအတွက် ကော်မတီရဲ့ ခွင့်ပြုချက်ဖြင့်သာ သွားလာခွင့်ပြုမှာဖြစ်ပြီး မဖြစ်မနေပို့ဆောင်ရန် လိုအပ်တဲ့ဆေးဝါး၊ စားနပ်ရိက္ခာတွေကို အဝင်အထွက်ဂိတ်မှတဆင့် ကြိုတင်အကြောင်းကြားပြီးမှသာ လွှဲပြောင်းပို့ဆောင်ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာ အဝင်အထွက်ဂိတ်ပြုလုပ်ထားတဲ့ဂိတ် ၄ခု၊ အုပ်စု ၈ခု၊ ကျေးရွာပေါင်း ၆၀ကျော်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း ကိုဗစ်ကာကွယ်ရေးလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ကိုဗစ်တတိယလှိုင်းအတွင်း ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် အဝင်အထွက်ဂိတ်တွေထားရှိပြီး အသွားအလာကန့်သတ်ခြင်း၊ ရပ်ဝေးမှ ပြန်လာသူများ၊ စစ်ဘေးရှောင်ပြည်သူများအား အသွားအလာကန့်သတ်ထားတဲ့နေရာတွေမှာ Quarantine ၇ ရက် နဲ့ Home Quarantine ၇ရက်ဖြင့် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကာကွယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

ဒေသခံတွေက ကိုယ်ထူကိုယ်စနစ်နဲ့ ဆောင်ရွက်တာဖြစ်တဲ့အတွက် Quarantine Center ထားရှိတဲ့နေရာမှာ ကျန်းမာရေးဆိုင်ရာအသုံးအဆောင်ပစ္စည်းဖြစ်တဲ့ Mask၊ လက်သန့်ဆေးရည်၊ အကာအကွယ်ဝတ်စုံ လိုအပ်ချက်ရှိသလို စစ်ဘေးရှောင်ပြည်သူတွေအတွက်လည်း စားနပ်ရိက္ခာ၊ ဆေးဝါး လိုအပ်တယ်လို့ သိရပါတယ်။

“လောလောဆယ်က ကျတော်တို့ ကော်မတီအဖွဲ့လူတွေကပဲ စစ်ဘေးရှောင်အတွက် ကူညီနေတာပေါ့နော ကျတော်တို့ကပဲ ရန်ပုံငွေရှာတဲ့အပိုင်းကော ကိုဗစ်အပိုင်းကော လူဦးရေက သိပ်ပြီးမရှိခါကျတော့ စေတနာ့ဝန်ထမ်းမရှိခါကျတော့ ရှိတဲ့လူနဲ့ပဲ ကျတော်တို့လုပ်နေတဲ့အခါမှာ နည်းနည်းလေး စစ်ဘေးရှောင်တွေအတွက် ရိက္ခာပိုင်းတော့ နည်းနည်းအခက်အခဲရှိတယ်။ ရှိတဲ့ ရိက္ခာနဲ့လောလောဆယ်တော့ Run နေတဲ့အခြေနေရှိတယ် တတ်နိုင်သလောက်တော့ ရန်ပုံငွေရှာနေတယ် အဲ့ပိုင်းတော့ရှိတယ်။ ကျေးရွာတိုင်းမှာတော့ Quarantine Center မလုပ်နိုင်တာတောင်မှ တချို့ကျေးရွာတွေက သူတို့ဟာသူတို့လုပ်တာတော့ရှိတယ်။ အဲ့လိုအခြေနေလေးတွေရှိတယ်” လို့ ဂိတ်တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

ကိုဗစ်ရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်ရန်အတွက် ကျေးရွာအဝင်အထွက်ဂိတ်တွေမှာ ကျန်းမာရေးအသိပညာပေး ပိုစကာတွေကပ်ထားတာတွေ ကျေးရွာအတွင်း ကိုဗစ်-၁၉ ကြိုတင်ကာကွယ်တဲ့အသိပညာပေးမှုတွေကို လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေ

ကန္တာရဝတီ တိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ တပ်မှ (၁)မိနစ် (၁) လုံးနုန်းနဲ့ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ ယနေ့ ( မတ်လ ၂၆ ) ရက်နေ့ မနက် ၉ နာရီလောက်ကစပြီး...

စစ်ရှောင်ပြည်သူတွေကို ရိက္ခာဝေမယ်လို့ပြောဆိုပြီး ဓါတ်ပုံရိုက်ပြီးနောက် ဝေထားတဲ့ရိက္ခာတွေကို ပြန်သိမ်းယူသွား

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့ နမ့်ဘော်ဝမ် ရပ်ကွက်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီ က ရိက္ခာဝေပေးမယ်လို့ပြောဆိုကာ ဒီကနေ့ (မတ်လ ၂၅ ရက်နေ့ ) မှာ စုရုံးခေါ်ဆောင်ပြီး ဓါတ်ပုံမှတ်တမ်းရယူခဲ့ပေမဲ့ ဝေငှထားတဲ့ ရိက္ခာထုပ်တွေကို ပြန်လည်တောင်းယူခဲ့တယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ နမ့်ဘော်ဝမ်ရပ်ကွက်အတွင်းမှာ ရှိတဲ့ဘုရားကျောင်းမှာ စစ်ဘေးရှောင်တွေကို ခေါ်ယူစုရုံးပြီး ကုလားပဲထုပ်...

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ လက်နက်ကြီးကျပြီး ဒေသခံထိခိုက်မှုရှိခဲ့၊ ဖရဲသီးစိုက်ခင်းလည်းပျက်စီး

ကန္တာရဝတီတိုင်း( မ် ) ယမန်နေ့ မတ်လ ၂၄ရက်နေ့ မနက် ၁၀နာရီကျော်အချိန်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတချို့ ထိခိုက်ခဲ့သလို ဖရဲသီးစိုက်ခင်းလည်း ပျက်စီးခဲ့တယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ "အိမ်ကတော့ လူနေအိမ်ပဲ မိန်းက‌လေးထိတယ်ပြောတယ်။ မိန်းကလေးနှစ်ယောက်။ ဒီကျတာက ဖရဲသီးခြံစိုက်ခင်းထဲမှာက...

ဒီမော့ဆို အရှေ့ဘက်ခြမ်းမှ ဆွေမျိုးများထံ ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်ကလေးအချို့ ဝမ်းပျက်ဝမ်းလျောဖြစ်နေ

CJ (ကန္တာရဝတီတိုင်း(မ်)) ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ မတ်လ ၁၀ ရက်နေ့ ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အနောက်ဘက်ခြမ်းက ဆွေမျိုးတွေဆီကို ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်တွေအထဲက ကလေးတွေဟာ ဝမ်းပျက်ဝမ်းလျောဖြစ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ "အကြောင်းရင်းက ဘာလဲ မသိဘူး၊ ရေရှားတဲ့ နေရာလဲ မဟုတ်ဘူး၊...