spot_imgspot_imgspot_imgspot_img
Wednesday, July 9, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ်အရှေ့ခြမ်းက စစ်ရှောင်စခန်းတွေမှာ သောက်သုံးရေပြတ်လပ်နေပြီး အကူအညီတောင်းခံ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်တွေဟာ ယခုနှစ် ရေရှားပါးမှု ပြဿနာကို ယခင်နှစ်ထက် စောစီးစွာ ကြုံတွေ့နေကြရပြီး သောက်သုံးရေပြတ်လပ်နေပြီဖြစ်တာကြောင့် အကူအညီတောင်းခံလိုတယ်လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

“အဲ့ဒီ ဒေသမှာတော့ ၄၈ ရွာလောက်ရှိတယ်၊ လူဦးရေအားဖြင့် တစ်သောင်းခွဲလောက်ရှိတာပေါ့၊ ရှိနေမြဲလူနဲ့ စစ်ရှောင်အပါအဝင်ပေါ့” လို့ စစ်ဘေးရှောင် အမျိုးသား တစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ်အရှေ့ခြမ်းက ဒေသခံတွေနဲ့ စစ်ရှောင်တွေဟာ နှစ်စဉ် နွေရာသီ ရေရှားပါးတဲ့ ပြဿနာနဲ့ ကြုံတွေ့နေကြရတာပါ။ ယခု မတ်လထဲမှာပဲ သောက်သုံးရေ အရင်းအမြစ်တွေ ခမ်းခြောက်သွားတယ်လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

“အဓိက ဒီနွေ မတ်၊ဧပြီ၊မေလအတွင်းမှာ စစ်ရှောင်တွေရော ရှိနေတဲ့ ကျေးရွာပါ ရေကို လှူဒါန်းပေးစေချင်တယ်၊ ပြည်တွင်း ပြည်ပက သူတွေကို ရေလှူဒါန်းပေးဖို ပြောချင်ပါတယ်”လို့ အဆိုပါ စစ်ဘေးရှောင် အမျိုးသားက ဆိုပါတယ်။

ယခုလို နွေရာသီ ရေရှားပါးတဲ့ ပြဿနာဟာ အစိုးရအဆက်ဆက်ကဖြစ်ခဲ့ပြီး ရေတို၊ ရေရှည်စီမံကိန်း ဆောင်ရွက်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

“အရင်ကတော့ လူဦးရေနည်းသေးတော့ နည်းနည်းလောက်တယ်ပေါ့၊ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာတော့ ကိုယ့်ရွာ ကိုယ့်ဒေသနဲ့ကို ရေသွားမခပ်ရဲတာတွေ ပါတာပေါ့။ စစ်ရှောင်ရယ် မြို့ထဲကလည်း စစ်ရှောင်လာတာရှိတော့ လူဦးရေများလာတယ် ရေအရင်းအမြစ်က လုံလောက်မှု မရှိတော့ဘူးပေါ့။ နောက်ပြီး တစ်ဖက်မှာလည်း ရာသီဥတုက ပုံမှန်မဟုတ်ခါကျတော့ ပိုမိုဆိုးရွားတဲ့ အခြေအနေကို ရင်ဆိုင်နေရတာပေါ့” လို့ သူက ဆက်ပြောပါတယ်။

စစ်ဘေးရှောင်အပါအဝင် ကျေးရွာခံ အများစုဟာ သန့်ရှင်းတဲ့ သောက်သုံးရေ မရရှိတာ၊ သောက်သုံးရေမဖူလုံတာ တွေကြောင့် ညစ်ညမ်းတဲ့ ရေနီကန်က ရေတွေကို သုံးစွဲနေကြရပါတယ်။

လတ်တလောမှာတော့ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာပေါင်း ၄၈ ရွာအထိ ရေရှားပါးမှု ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီးတော့ လူဦးရေအားဖြင့် ၁ သောင်းခွဲ အထိ ယခုနှစ် နွေရာသီမှာ ရေရှားပါးမှုပြဿနာကို ကြုံတွေ့နေရပါတယ်။

spot_img

Recent posts