spot_imgspot_imgspot_imgspot_img
Tuesday, June 24, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆိုမှာ နွေဦးတော်လှန်ရေး အာဇာနည်ကုန်း (၁)နှစ်ပြည့် အခမ်းအနား ပြုလုပ်

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ၊ ဖရူဆိုမြို့နယ် အနောက်ခြမ်းတစ်နေရာမှာ နွေဦးတော်လှန်ရေး အာဇာနည်ကုန်း (၁)နှစ်ပြည့် အခမ်းအနားကို ဒီကနေ့ ဒီဇင်ဘာလ ၅ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာတော့ တော်လှန်ရေး တပ်ပေါင်းစု အသီးသီးကနေ စုရပ်မှ ရင်ပြင်ဆီသို့ အလံစိုက်ထူရန် ချီတက်ခြင်း၊ ဂုဏ်ပြုတပ်ဖွဲ့မှ တပ်ပေါင်းစုအလံစိုက်ထူခြင်း၊ ကျဆုံးသွားသော အာဇာနည်များအား အလေးပြုခြင်း၊ (၁)နှစ်ပြည့် နွေဦးတော်လှန်ရေး အာဇာနည်ကုန်း ဖြစ်မြောက်ရေးအကြောင်းအား အကျဉ်းချုပ်ဖတ်ကြားခြင်း စတဲ့အစီအစဉ်တွေနဲ့ ပြုလုပ်သွားပါတယ်။

“ကျနော်တို့ ဒီ ဖရူဆိုအနောက်ဖက်ခြမ်းမှာရှိတဲ့ ကျနော်တို့ တော်လှန်ရေးတပ်ပေါင်းစုတွေ အကုန်လုံးကို ကျနော်တို့ တစ်စုတစ်စည်းထဲနဲ့ ကျဆုံးရဲဘော်တွေ နေရာပေးခြင်းလို့ ပြောရမှာပေါ့နော။ ဒီ ကျဆုံးသွားတဲ့ရဲဘော်တွေကို တစ်နေရာထဲ တပ်ပေါင်းစုတစ်ခုလုံး စုစုစည်းစည်းနဲ့ တစ်နေရာထားပေးနိုင်ဖို့ ရည်ရွယ်ပြီးတော့ လုပ်ရခြင်းဖြစ်တယ်။ ဒါကြောင့် ကျနော်တို့လုပ်လာတာ ၁နှစ်ပြည့်ဖြစ်သွားပြီ။”လို့ KPLA (ကလလတ) အမှတ်-၉၄၂၄ ရဲ့ တပ်ရင်းမှူး မူကီက ပြောပါတယ်။

အဆိုပါအခမ်းအနားကိုတော့ ကရင်နီပြည်တပ်မတော် (KA) ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး KNPLF(KPLA)၊ ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (KNPDP)အဖွဲ့က တပ်ဗိုလ်တပ်မှူးများ၊ တပ်သားများ ၊ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်း လူဦးရေ ၂ဝဝနီးပါး တက်ရောက်ခဲ့ကြပါတယ်။

spot_img
spot_img

Recent posts