spot_imgspot_imgspot_imgspot_img
Saturday, June 14, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆိုမှာ မြေပြိုမှုဖြစ်ပြီး အရေးပေါ် လူနာတွေအတွက် သွားလာဖို့ခက်ခဲဟုဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်းက ဒေလကြိုကျေးရွာ လမ်းမကြီးတစ်နေရာမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ပြီး ပြည်သူတွေ သွားလာဖို့ ခက်ခဲတဲ့အပြင် အရေးပေါ် လူနာတွေပို့ဆောင်ဖို့အတွက် အခက်အခဲရှိနေလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၃၀) ရက်နေ့မှာ မြေပြိုမှု ဖြစ်ပွားခဲ့တာပါ။ နှစ်ပတ်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းထားတာကြောင့် ဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“မြေပြိုမှုကြောင့် ပြည်သူတွေ စျေးဝယ်သွားရတာ ခက်ခဲမယ်၊ အရေးပေါ် လူနာ၊ ဖျားနာတာတွေ ဆေးရုံပို့ရမယ်ဆိုရင် ကားသွားလို့မရရင် လူနာအတွက် အခက်အခဲ ကြုံလာနိုင်တယ်ပေါ့နော်။ မိုးကနှစ်ပတ်ဆက်တိုက် ရွာသွန်းတာရယ် မိုးကြီး တာကြောင့်ပေါ့နော်။”လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

မြေပြိုခဲ့တဲ့နေရာဟာ ဒေသခံ စျေးဝယ်သွားတာ၊ ဆေးရုံဆေးခန်း သွားတာတွေအတွက် အဓိက အသုံးပြုသွားလာရတဲ့ နေရာဖြစ်သလို အခြားဒေသကျေးရွာဖက်ကို အဓိကချိတ်ဆက်သွားလာရတဲ့ နေရာတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဒေလကြို ကျေးရွာဟာ ဖရူဆို အနောက်ဖက်ခြမ်း ဒေါလာစော အုပ်စုဖက်ကကျေးရွာတစ်ခုဖြစ်ပါတယ်။
ဒေါလာစောအုပ်စုအတွင်း စစ်ရှောင် ဦးရေ ၁၂၀၀ ကျော်ရှိပြီး ဖရူဆိုမြို့ပေါ်က ဒေသခံတွေအများစုလာရှောင်ကြတာဖြစ်တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts