spot_imgspot_imgspot_imgspot_img
Sunday, March 16, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆိုအနောက်ခြမ်းမှာ ငရုတ်ခင်းတွေပျက်စီးပြီး အထွက်နည်းတာကြောင့် စိုက်တောင်သူတွေ အရှုံးပေါ်

Author

Date

Category

CJ/ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ခြမ်းရှိ ဒေလကြိုကျေးရွာအတွင်းမှာ နေထိုင်ကြတဲ့ ငရုတ်သီးစိုက်တောင်သူတွေရဲ့ ငရုတ်ခင်းတွေပျက်စီးပြီး အသီးအထွက်နည်းတာကြောင့် ဒေလကြိုကျေးရွာအုပ်စုအတွင်းက ငရုတ်သီးစိုက်တောင်သူတွေ အရှုံးပေါ်နေကြတယ်လို့ သိရပါတယ်။

အဆိုပါကျေးရွာမှာ နေထိုင်သူတွေဟာ ငရုတ်သီးစိုက်ပြီး ရောင်းရငွေဖြင့် အသက်မွေးဝမ်းကျောင်း ပြုရတာဖြစ်လို့ အခုလိုအရှုံးပေါ်နေတဲ့အတွက် စားဝတ်နေရေးအတွက်အပြင် သား၊ သမီး များအတွက် ကျောင်းစားရိတ်လည်း ခက်ခဲလာတယ်လို့ ဒေလကြိုကျေးရွာအုပ်စု၊ ကိုစိုဒေသခံတွေက ပြောပါတယ်။

“၂၀၂၂ – ၂၃ ကတည်းက ငရုတ်သီးလည်း မရောင်းရဘူး။ ဝင်ငွေလည်း ဘာမှမရှိတော့ဘူး။ သား၊ သမီး ကျောင်းထားဖို့ ခက်ခဲလာတယ်။ ဝင်ငွေဆိုလို့ ငရုတ်သီး ရောင်းလို့ ရလာတဲ့ငွေဘဲရှိတယ်လေ။ ငရုတ်သီးခင်းတွေ ပြန်လုပ်တယ်။ မိုးခေါင်ရေရှား ထပ်ဖြစ်တော့ ထပ်ရှုံးတယ်။” လို့ ကိုစိုကျေးရွာ ဥက္ကဌ က ပြောပါတယ်။

ကိုစိုကျေးရွာမှာ အိမ်ခြေ ၂၀ ကျော် ရှိပြီး ငရုတ်သီးစိုက်ပျိုးခြင်းဖြင့်သာ အဓိက အသက်မွေးဝမ်းကျောင်း ပြုနေကြရတာပါ။ ၂၀၂၄ ခုနှစ်အတွင်းမှာတော့ ငရုတ်သီးစျေးကောင်းပေမယ့် ငရုတ်ခင်းတွေ ပျက်စီးကုန်တာကြောင့် ရောင်းချစရာမရှိဘူးလို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“၂၀၂၄ တစ်နှစ်တော့ ငရုတ်သီးစျေးတအားကောင်းတယ်။ ဒါပေမယ့် ငရုတ်သီးမထွက်ဘူး။ အခင်းတွေ ဆုံးရှုံးကုန်တော့ ရောင်းစရာမရှိဘူး။ ရှိတဲ့နည်းနည်းကို ကလေးကျောင်းတက်ဖို့ ၄ သောင်းနဲ့ ရောင်းလိုက်ရတယ်။” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်မှာ ကိုစိုကျေးရွာအတွင်းကို စစ်ရှောင်တချို့က လာရောက်ခိုလှုံ နေထိုင်ကြတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ရွာခံတွေအပြင် စစ်ရှောင်တွေအပါအဝင် ငရုတ်သီးစိုက်ပြီး အသက်မွေးဝမ်းကြောင်းအတွက် အားထားရတာကြောင့် အခုလို အခင်းတွေပျက်စီးပြီး အထွက်နည်းပါးတဲ့အတွက် စားဝတ်နေရေးအတွက်အပြင် သား၊ သမီးတွေအတွက် ပညာသင်ကြားဖို့ကို စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

spot_img
spot_img
spot_img

Recent posts