spot_imgspot_imgspot_imgspot_img
Monday, May 19, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆိုအနောက်ခြမ်းမှာ သစ်ခွပန်းပင်ရောင်းဝယ်မှု များလာတာကြောင့် ရှာဖွေရောင်းချသူ ပိုများလာ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ နွေရာသီကာလအတွင်း ဒေသခံတွေအပြင် စစ်ဘေးရှောင်တွေဟာ သစ်ခွပန်းပင်ကို ရှာဖွေကြပြီး ပြန်လည်ရောင်းချတာတွေ များလာတယ်လို့ ကုန်ရောင်းကုန်ဝယ်လုပ်သူတစ်ဦးက ပြောပါတယ်။

“အလုပ်မရှိဘူးကော ဒီဟာဝယ်တယ် အဲ့မျိုးဆိုရင် အနည်းကျဉ်းတော့ သူတို့သွားရှာကြတယ်။ အနည်းဆုံးမရကြဘူးဆိုလည်း တစ်ရက်ကို ၁၀၀၀၀၊၂၀၀၀၀ အဲ့လိုမျိုးပေါ့နော ရကြခါတော့။ ဝယ်တယ် အဲ့လိုမျိုးပြောပြီးဆိုလို့ရှိရင် သူတို့ကတော့ ရှာတယ်။ အဓိကသူတို့အတွက်က ဝယ်တဲ့သူရှိရင် သူတို့ကလည်း ရှာပြီးသားပဲ။”လို့ ကုန်ရောင်းဝယ်သူက ပြောပါတယ်။

အလုပ်အကိုင်ရှားပါးတာကြောင့် ကျေးရွာခံတချို့ဟာ သစ်ခွပင်ကိုလိုက်ရှာပြီး ပြန်လည်ရောင်းချကာ ရလာတဲ့ငွေကြေးကို ဆီ၊ ဆား၊ ဟင်းချိုမှုန့် ပြန်လည်ဝယ်ယူပြီး မီးဖိုချောင်အသုံးစရိတ် သက်သာအောင် တစ်ဖက်တစ်လှမ်းက ဝင်ငွေရှာဖွေကြတာဖြစ်ပါတယ်။

သစ်ခွပန်းပင်ရဲ့ အမျိုးအစားဟာ အမျိုးမျိုးရှိတာကြောင့် အဆိုပါအမျိုးအစား အပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှုတွေလည်း ရှိနေပါတယ်။ ဖရူဆိုအနောက်ဖက်ခြမ်းက တောတောင်တွေမှာ ပေါက်လေ့ရှိကြတဲ့ ( ဒေသအခေါ် ) သစ်ခွပန်းခရမ်း တစ်ပိဿာ ၃၀၀၀ ကျပ်၊ ရှစ်မြောင်းပန်း ၂၅၀၀ ကျပ်၊ ဖြူဆူးပန်း ၂၀၀၀ ကျပ်၊ သစ်ကြားလုံးပန်း ၁၀၀၀ ကျပ်၊ ကျောက်ပန်း ၁၀၀၀၀ ကျပ်၊ သက်ကယ်ပန်း ၁၀၀၀၀ကျပ် စသဖြင့် ဈေးနှုန်းအသီးသီး ရှိကြပါတယ်။

သဇင်ပန်းအမျိုးအစားမှာတော့ ဈေးအများဆုံးဖြစ်ကာ တစ်ပိဿာကို ၂၀၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ် အထိ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။

တောင်ယာခုတ်ချိန်ကာလတွေမှာ ကျေးရွာခံတွေဟာ တောင်ယာခုတ်ရင်း သစ်ခွပင်တွေကို အများဆုံးတွေ့ကြတာကြောင့် အဲ့ဒီအချိန်အတောအတွင်းမှာ သစ်ခွကို ပိုရောင်းချကြတယ်လို့ ကုန်ရောင်းကုန်ဝယ်သူတစ်ဦးက ဆိုပါတယ်။ ဒေသထွက် ရိုးရိုးသစ်ခွပန်းတွေကို အများဆုံးလာရောင်းကြပြီး သဇင်ပန်းကိုတော့ လာရောင်းသူ နည်းပါးတယ်လို့ သိရပါတယ်။

“အများအားဖြင့် အခုကတော့ သဇင်ပန်းကရှားတယ် ခုနက သစ်ခွတွေပေါ့နော။ သစ်ခွတွေပဲပေါတယ် ၂၀၀၀ တန်၊ ၃၀၀၀ တန်တွေပဲပေါ့နော၊ အဲ့ဒါကပိုများတယ်။ သဇင်ကြတော့ နည်းနည်းရှားတဲ့ထဲမှာပါတယ်” လို့ ကုန်ရောင်းကုန်ဝယ်သူတစ်ဦးက ဆိုပါတယ်။

ဖရူဆိုအနောက်ဖက်ခြမ်းက ဒေသခံတွေကတော့ သစ်ခွပန်းပင် ရောင်းချတာအပြင် သစ်ကြမ်းပိုးခေါက်၊ တောလိုက်ရာမှရရှိသော ကင်းလိပ်ချော အခွံ၊ ဝက်ဝံသည်းခြေတွေလည်း ရောင်းချကြတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts