ကန္တရ၀တီတိုင်း(မ်)
ဖရူဆိုအနောက်ဖက်ခြမ်း စစ်ရှောင်နေရာတစ်ခုမှာ အရပ်ဖက်အဖွဲ့အစည်းတစ်ခုက စစ်ဘေးရှောင် ပြည်သူများ အတွက် ဘက်စုံသုံးဆပ်ပြာသင်တန်း ဖွင့်ပေးခဲ့ပါတယ်။
“အဖွဲ့အစည်းတခုကနေပြီး ကျမတို့ကို ဆပ်ပြာဖျော်နည်းသင်တန်း လာဖွင့်ပေးတာပေါ့။ ဆပ်ပြာဖျော်ဖို့ ကုန်ကြမ်းတွေကို ဆားနည်းနည်းနဲ့ ရောမွေပြီး ရေနဲ့ပဲ ရိုးရိုးလေးဖျော်တာ။ အနံ့မပါတာကြောင့် ကျမတို့ စစ်ရှောင်တွေအတွက် အိုးခွက်ပန်ကန်ဆေးဖို့ရော အဝတ်လျှော်ဖို့အတွက်ရော အဆင်ပြေတယ်” လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

စစ်ရှောင်အများစုဟာ ပုံမှန်ဝင်ငွေမရှိတော့တာနဲ့ ကုန်စျေးနှုန်းတွေ တရှိန်ထိုးတက်တာကြောင့် ဒီလိုစျေးသက်သာတဲ့နည်းလမ်းတွေကို ပိုစိတ်ဝင်စားကြတယ်လို့ ဆိုပါတယ်။
လက်ရှိဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်းမှ စစ်ရှောင်(၁၅၀၀) ကျော် အတွက် စားဝတ်နေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးတွေမှာ အခက်အခဲတွေရှိနေတယ်လို့ သိရှိရပါတယ်။