spot_imgspot_imgspot_imgspot_img
Thursday, February 20, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆို အနောက်ဖက်ခြမ်းမှာ မြေပြိုမှုဖြစ်ပွားနေတာကြောင့် သယ်ယူပို့ဆောင်ရေးအတွက် ခက်ခဲနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ၊ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းပြီးနောက် ချောင်းရေမြှင့်တက်လာပြီး ရာဧပရား နဲ့ ထေခို ကျေးရွာကြားမှာ မြေပြိုမှုဖြစ်ပွားနေပါတယ်။ မြေပြိုမှုနောက်ဆက်တွဲအနေနဲ့ ဒေသခံတွေအတွက် သယ်ယူပို့ဆောင်ရေးတွေ အခက်အခဲဖြစ်စေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၁၁ ရက်နေ့ကစပြီး အများပြည်သူသွားလာတဲ့ လမ်းမကြီးနံဘေးတွေက ကမ်းပါးပြိုတာလည်းရှိတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ရေကြီးတယ်ဆိုတာက အဓိက ချောင်းရေတက်တာပေါ့နော်။ ချောင်းရေတက်တဲ့အခါကြတော့ တံတားတွေတော့ ထိခိုက်ပျက်စီးမှု တွေရှိတယ်။ ပြီးတဲ့ခါကြတော့ မိုးတအားရွာတဲ့အတွက်ကြောင့်မို့ လမ်းမှာ ကမ်းပြိုတာတွေရှိတယ်ပေါ့နော်။ ဆိုတော့ လမ်းပိတ်တဲ့ဟာမျိုးတွေတော့ဖြစ်တယ်။ အဓိကကတော့ သယ်ယူပို့ဆောင်ရေးရယ် အနောက်ခြမ်းမှာ အဓိက စစ်ရှောင်တွေအတွက် အခက်ခဲဖြစ်တယ်ပေါ့နော်“ လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

လက်ရှိမှာတော့ ပျက်စီးတဲ့နေရာတွေကို ကျေးရွာဥက္ကဌ ဦးဆောင်ပြီး ပြုပြင်နေကြတာရှိပေမဲ့ နေရာတချို့မှာ ကား ၊ ဆိုင်ကယ် သွားလာလို့မရသေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် ကမ်းပြို ၊ မြေပြိုထားတဲ့နေရာတချို့မှာတော့ ကျေးရွာ လူထုတွေအနေနဲ့ သွားလာနိုင်ဖို့ ရှင်းလင်းမှုတွေလုပ်ဆောင်နေကြပေမဲ့ မိုးဆက်လက်ရွာသွန်းရင်တော့ မြေပြိုမှုတွေ ထပ်မံ ဖြစ်နိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့ကိုလည်း သတိပေးထားတာရှိပါတယ်။

အလားတူ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက အများပြည်သူ သွားလာတဲ့ နေရာတချို့မှာလည်း ရေချောင်းမြှင့်တက်တာကြောင့် စပါးပင်၊ လမ်း ပျက်စီးမှုရှိနေတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts