spot_imgspot_imgspot_imgspot_img
Wednesday, July 16, 2025
spot_imgspot_imgspot_imgspot_img

ဖားဆောင်းစစ်ရှောင်(၇၀၀)ဝန်းကျင်ကို ကျန်းမာရေးပိုင်းဆိုင်ရာ ဆေးကုသမှုဆောင်ရွက်ပေးခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ဖားဆောင်းမြို့နယ်အတွင်းက စစ်ရှောင်တွေဆီကို အမှတ် (၁၁၀၅) ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ် နဲ့ အမှတ်(၁၁၀၈) ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်က ဆရာဝန်တွေနဲ့ ဆေးမှူးတွေကနေ ကျန်းမာရေးပိုင်းဆိုင်ရာ ဆေးကုသမှုဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ကနေ ၂၈ရက်နေ့အထိ စစ်ရှောင်စခန်းက စစ်ရှောင်တွေထံ လှည့်လည်ကာ ဆေးကုသမှု ပေးခဲ့တယ်လို့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်မှ ဆေးမှူးတစ်ဦးက ပြောပါတယ်။

“အဓိကတော့ စစ်ပွဲတွေဖြစ်တော့ ပြေးကြတဲ့အချိန်မှာ ဆေးဝါးတွေ မပါသွားကြဘူး။ ကျန်းမာရေးအခက်အခဲတွေလည်း ဖြစ်နေတဲ့အတွက်ကြောင့် ကျနော်တို့သွားရောက် ကုသပေးရခြင်းဖြစ်ပါတယ်။ ” လို့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်မှ ဆေးမှူးတစ်ဦးက ပြောပါတယ်။

စစ်ရှောင်တွေဟာ သက်ကြီးရွယ်အိုနဲ့ ကလေးတွေအများဆုံးဖြစ်ကြတယ်လို့ ဆိုပါတယ်။ သက်ကြီးရွယ်အိုအများစုဟာ ဆီးချို၊ သွေးချို၊ သွေးတိုး ရောဂါအဖြစ်များကြသလို ကလေးတွေလည်း ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေကြတယ်လို့ ဆေးမှူးက ပြောပါတယ်။

စစ်ရှောင်စခန်းမှာ ဆေးဆရာ၊ ဆရာမတွေ မရှိသလို နှာစေး၊ ချောင်းဆိုး၊ နေမကောင်းဖြစ်ရင်လည်း သောက်စရာ ဆေးဝါးလည်းမရှိဘူးလို့ စစ်ရှောင်တွေက ပြောပါတယ်။ ဆေးလာရောက်ကုသပေးတဲ့အတွက် ကျေးဇူးတင်ရှိကြောင်းကို စစ်ရှောင်တစ်ဦးက အခုလို ပြောပါတယ်။

” ဒီမှာက ဆရာ၊ ဆရာမတွေမရှိဘူးကော ဆေးဝါးတွေလည်းမပြည့်စုံတဲ့အတွက် ကလေးတွေကော လူကြီးတွေကော သိပ်အဆင်မပြေဘူးပေါ့။ တခုခု ရောဂါတွေဖြစ်ရင်လည်း ပြစရာ ဆေးခန်းလည်း မရှိဘူး။ ဒီလိုပဲ ဆရာ၊ ဆရာမတွေ လာမယ့်နေ့ပဲ စောင့်နေရတာပေါ့။ အရင်တုန်းကတော့ ဒီမျိုးတွေလာဖူးတာမရှိဘူး ဒီတစ်ခေါက်က ပထမဦးဆုံးပဲ ဆရာဝန်တွေ ဆေးမှူးတွေ ကျေးဇူးတင်ဖို့ကောင်းတယ်။ ဘာလို့ဆို ဒီမှာလည်း အခက်အခဲဖြစ်နေတယ်ကော ကလေးတွေအတွက် သက်ကြီးရွယ်အိုတွေအတွက်ပေါ့။ အခု နှာစေး၊ ချောင်းဆိုး၊ ဖျားတာကအစ သောက်ဖို့ဆေးမရှိဘူးလေ ဒီစစ်ရှောင်မှာက။” လို့ ဖားဆောင်းစစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

ဖားဆောင်းဒေသခံတွေ နေထိုင်ကြတဲ့ စစ်ရှောင်စခန်း နဲ့ ကျေးရွာ ၇ ခုထိသွားရောက်ခဲ့ပြီး လူဦးရေ (၇၀၀)ဝန်းကျင်ကို ဆေးကုသမှုပေးခဲ့တယ်လို့ သိရပါတယ်။

spot_img

Recent posts