- မိုးဗြဲမှာ စစ်ကောင်စီက မီးလောင်ဗုံးအသုံးပြုတာကြောင့် တစ်လအတွင်း နေအိမ် ၃၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့ပါတယ်။
- ဖယ်ခုံPDF(၁၀၀၆ တပ်ရင်း) ထံ လက်နက်နဲ့အတူ ခိုလှုံလာတဲ့ တပ်သား ၃ဦးကို တစ်ဦးလျှင် ကျပ်သိန်း (၃၀) ဆုငွေချီးမြှင့်ခဲ့ပါတယ်။
- ဖရူဆိုမြို့နယ်မှာ မြေပဲဈေးယခင်နှစ်ထက် ပိုကောင်းပေမယ့် တောင်သူတွေအတွက်ခြေမကိုက်ဘူးလို့ ဆိုပါတယ်။
- သတင်းအချက်အလက်ရယူမှုမှာ တာဝန်ယူမှု/ တာဝန်ခံမှုရှိဖို့ ဖယ်ခုံမြို့နယ် ပူးပေါင်းအုပ်ချုပ်ရေး ကောင်စီအဖွဲ့ ကထုတ်ပြန်ပါတယ်။
စတဲ့သတင်းတွေကို ကြည့်ရှုနားဆင်ရမှာပါ။
ကန္တာရဝတီတိုင်း(မ်) ရဲ့ ညနေခင်းရုပ်သံသတင်းတွေကို တင်ဆက်ပေးနေတာဖြစ်ပါတယ်။ ကြည့်ရှုအားပေးနေကြတဲ့ ပရိတ်သတ်များအားလုံး နဲ့ ကရင်နီပြည်သူပြည်သားအားလုံး ဘေးကင်းလုံခြုံပြီး စိတ်နှလုံးအေးချမ်းကြပါစေရှင်….။ ကျမ မော်လေးမြာပါ…..