spot_imgspot_imgspot_imgspot_img
Wednesday, June 18, 2025
spot_imgspot_imgspot_imgspot_img

ဘန်ကောက်မြို့က တိုက်ပြိုကျမှုအတွင်း ရုပ်အလောင်း ရှာဖွေ‌စစ်ဆေးမှုကို ပိတ်သိမ်း

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ က ဆောက်လက်စ အစိုးရစာရင်းစစ်ရုံးပြိုကျမှုအတွင်း ရုပ်အလောင်း ရှာဖွေမှုကို ဒီကနေ့ မေလ ၁၁ ရက်နေ့မှာ ပိတ်သိမ်းလိုက်ပြီလို့ ပြည်တွင်းပြည်ပ အလုပ်သမားများအကြောင်း တင်ဆက်ပေးနေတဲ့ Migrant Times ရဲ့ သတင်းရေးသားမှုအရ သိရပါတယ်။

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ရဲ့ အကျိုးသက်ရောက်မှုကြောင့် ဘန်ကောက်မြို့က ဆောက်လုပ်စ အဆောက်အအုံ ပြိုကျခဲ့တာပါ။

ငလျင်ကြောင့် တိုက်ပြိုကျမှုအပြီး ရက်ပေါင်း ၄၅ ရက်အတွင်း ရုပ်အလောင်းတွေကို ရှာဖွေစစ်ဆေးခဲ့ကြတာဖြစ်ပြီး ရှာဖွေတွေ့ရှိထားတဲ့ ရုပ်အလောင်း၊ ခန္ဓာအစိတ်အပိုင်းတွေကို စစ်ဆေးမှု ဆက်လက်ပြုလုပ်သွားမယ်လို့ ဆိုထားပါတယ်။

တိုက်ပြိုကျမှုအတွင်း ပါဝင်ပိတ်မိနေတဲ့ ကရင်နီပြည်က မောင်လူစီယားနိုရဲ့ ရုပ်အလောင်းကိုလည်း DNA တိုက်စစ်ပြီး ရှာဖွေဖို့ မိသားစုဝင်တွေက စောင့်ဆိုင်းနေတာဖြစ်ပါတယ်။ မောင်လူစီယားနိုရဲ့ တစ်ဝမ်းကွဲ အကိုဖြစ်သူ ဦးဝီးလ်ဖရက်က DNA စစ်ဖို့ သွားလာရေးအတွက် လိုအပ်တဲ့ ပတ်စ်ပို့ပြုလုပ်ဖို့ ဘန်ကောက်မြို့ရှိ ထိုင်းသံရုံးကို တင်ပြထားဆဲဖြစ်တယ်လို့ ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

“ဒီဖက်က သံရုံးတွေက သူတို့မိသားစု( လူစီယားနို) ရဲ့ အမေ ရော အမေရော နှစ်ယောက် ထောက်ခံစာရမှ ကျနော်တို့ DNA စစ်နိုင်မယ်လို့ ပြောတယ်။ ထောက်ခံစာကတော့ ပေးသွားပြီ။ ဒါပေမဲ့ DNA ကစစ်မရသေးဘူး။ ပတ်စ်ပို့ပဲ စောင့်မှရမယ်နဲ့တူတယ်” လို့ မောင်လူစီယားနိုရဲ့ တစ်ဝမ်းကွဲ အကိုဖြစ်သူ ဦးဝီးလ်ဖရက်က ပြောပါတယ်။

ပထမဦးဆုံး DNA စစ်ဆေးရမှာဖြစ်ပြီး မိသားစုဝင်ဖြစ်ကြောင်း အတည်ပြုပြီးမှသာလျှင် သက်ဆိုင်ရာကုမ္ပဏီမှ လျော်ကြေးငွေနဲ့ ထိုင်းအစိုးရက လျော်ကြေးငွေ‌ ပေးအပ်သွားမှာဖြစ်တယ်လို့လည်း ဦးဝီးလ်ဖရက်က ပြောပါတယ်။

လျော်ကြေးငွေ ထုတ်ရာမှာလည်း မိခင်ဖြစ်သူကသာ ထုတ်ခွင့်ရှိပြီး ကျန်မိသားစုဝင်တွေက ထုတ်ခွင့်မရှိဘူးလို့ ပြောပါတယ်။ လျော်ကြေးငွေလက်ခံရဖို့အတွက်လည်း လိုအပ်တဲ့ စာရွက်စာတမ်း၊ ထောက်ခံစာ လက်မှတ်တွေကို ကြိုတင်ပြင်ဆင်ထားဖို့လည်း ရွေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူတွေက တိုက်တွန်းထားပါတယ်။

အဆိုပါတိုက်ပြိုကျမှုမှာ မတ်လ ၂၈ ရက်နေ့ကနေ မေလ ၁၁ ရက်နေ့အထိ ရှာဖွေ တွေ့ရှိမှုအရ သေဆုံးသူ ၈၉ ဦး၊ ဒဏ်ရာရသူ ကိုးဦး၊ ပျောက်ဆုံးနေသူ လေးဦး ကျန်ရှိနေသေးတယ်လို့လည်း ထိုင်း The Nation သတင်းဌာနက ပြောပါတယ်။ အဲ့ဒီ အဆောက်အအုံပြိုကျမှုအတွင်း မြန်မာနိုင်ငံက အလုပ်သမား ၃၀ ကျော် သေဆုံးနိုင်တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts