spot_imgspot_imgspot_imgspot_img
Wednesday, June 18, 2025
spot_imgspot_imgspot_imgspot_img

ဘန်ကောက်မြို့တိုက်ပြိုကျမှုမှာ သေဆုံးသွားတဲ့ ကရင်နီလူငယ် လူစီယားနိုရဲ့ ရုပ်အလောင်းကို မီးရှို့သင်္ဂြိုလ်ပြီးစီး

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

အားပြင်းငလျှင်ကြောင့် ပြိုကျသွားတဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဆောက်လက်စအစိုးရရုံး ပိတ်မိပြီး သေဆုံးသွားတဲ့ ကရင်နီဒေသခံ မောင်လူစီယားနိုရဲ့ ရုပ်အလောင်းကို မနေ့က မေလ ၂၆ ရက်နေ့မှာ မီးရှို့သင်္ဂြိုလ်လိုက်တယ်လို့ လူစီယားနိုရဲ့ တစ်ဝမ်းကွဲ အကိုဖြစ်သူက ပြောပါတယ်။

မောင်လူစီယားနို ရဲ့ လုပ်ငန်းရှင် ကုမ္ပဏီက ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့ကတည်းက သူ့ရဲ့ ရုပ်အလောင်းဓာတ်ပုံကို ရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီနောက် တစ်ပတ်ကြာမှသာ ကုမ္ပဏီက လူစီယားနိုရဲ့ တစ်ဝမ်းကွဲအကိုဖြစ်သူ ဝီးလ်ဖရက်နဲ့ အဆက်အသွယ်ရခဲ့တာလို့ ပြောပါတယ်။

“ပြောရမယ်ဆိုရင်တော့ သူများဘက်ဖိုးနဲ့ရှာ။ ရှာပြီးမှ တွေ့တာနဲ့ သူ့စာရွက်စာတမ်းတွေကိုကြည့်။ သူပါလာတဲ့ စာရွက်စာတမ်းထဲမှာ သူ့ကဒ်တွေပေါ့။ တွေ့တာနဲ့ ဓာတ်ပုံရိုက်။ ရိုက်ပြီး‌တော့ အဲထဲကိုပြန်ထည့်။ နောက်ပြီးတော့ ကျနော်က ဒီမှာနင့်လူ။ ဒီမှာသူ့စာရွက်စာတမ်း ။ ကိုယ့်ဟာကိုဆွဲထုတ်။ ကိုယ့်ဟာကိုကြည့် သူတို့ကျနော့်ကို အဲလိုပြောတယ်။” လို့ လူစီယားနိုရဲ့ တစ်ဝမ်းကွဲအကိုဖြစ်သူ ဝီးလ်ဖရက်က ပြောပါတယ်။

လူစီယားနိုရဲ့ ရုပ်အလောင်းကို ဘန်ကောက်မြို့ရှိ ပုလိပ်ဆေးရုံ ရင်ခွဲရုံမှာ သွားထုတ်ယူခဲ့ပြီး ကြာတူးကျတ် နယ်မြေရုံး၊ စည်ပင်ရုံး၊ မှတ်ပုံတင်ရုံး မှာ သေဆုံးကြောင်း ထောက်ခံစာထုတ်ခဲ့တယ်လို့ဆိုပါတယ်။

ထိုင်းအာဏာပိုင်က သေဆုံးသူသည် မည်သူမည်ဝါမှန်းသိအောင် ရုပ်အလောင်းကို မိသားစုဝင်ရဲ့ DNA နဲ့တိုက်စစ်ပြီး အတည်ပြုကာ လျော်ကြေးငွေတွေကို ပေးသွားမှာဖြစ်ပါတယ်။
လက်ရှိမှာတော့ မိသားစုဝင်တွေက ဘန်ကောက်ကိုရောက်မလာနိုင်သေးတဲ့အတွက် DNAတိုက်ဆိုင်စစ်ဆေးမှုကို မလုပ်နိုင်သေးပဲ မီးရှို့သင်္ဂြိုလ်ပြီးနောက် ကျန်ရှိတဲ့ လူစီယားနိုရဲ့ အရိုးစုတွေကို သူ့လုပ်ငန်းရှင်ကုမ္ပဏီရဲ့ အာမခံချက်နဲ့ ပြန်လည်ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

မီးရှို့သင်္ဂြိုလ်ပြီးကျန်ရှိနေတဲ့ လူစီယားနိုရဲ့ အရိုးစုကို မိဘတွေဆီပြန်ပို့မှာဖြစ်ပြီး ဓလေ့ထုံးတမ်းအရ ထပ်မံဂူသွင်း သင်္ဂြိုလ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ လူစီယားနိုက ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ပါဒေါဒူ ကျေးရွာ ဒေခံဖြစ်ပါတယ်။

လက်ရှိမှာ လူစီယားနိုရဲ့ရုပ်အလောင်းကိုတွေ့ရှိထားပြီး ဖြစ်ပေမဲ့လျော်ကြေးငွေအတွက် မိခင်ကိုယ်တိုင် ဘန်ကောက်မြို့ကိုသွားရောက်နိုင်မှသာ ရမယ်လို့ဆိုပါတယ်။ ဒါပေမဲ့လည်း မိသားစုဝင်တွေကတော့ နိုင်ငံကူးလက်မှတ် မရရှိသေးတာကြောင့် ဘန်ကောက်မြို့ကို လာရောက်နိုင်ခြင်းမရှိသေးပါဘူး။

spot_img
spot_img

Recent posts