spot_imgspot_imgspot_imgspot_img
Wednesday, May 14, 2025
spot_imgspot_imgspot_imgspot_img

ဘောလခဲကို တစ်ရက်အတွင်း စစ်ကောင်စီ ဗုံးအလုံးရေ (၂၀) ကျော် ကြဲချ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ၊ ဘောလခဲမြို့နယ်အတွင်းက ဘောလခဲမြို့ နဲ့ ဝမ်မလန်းကြား မှာရှိတဲ့ ကျေးရွာတွေကို ဇန်နဝါရီလ ၂၀ ရက်နေ့ တစ်ရက်အတွင်းမှာပဲ စစ်ကောင်စီက ကင်း‌ထောက်လေယာဥ်အသုံးပြုပြီး ဗုံးအလုံးရေ(၂၀) ကျော် ကြဲချခဲ့တယ်လို့ ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“နေ့လည်(၁၂)နာရီကစပြီး ညနေ ၅ နာရီခွဲထိ ကင်းထောက်လေယာဉ်က ဘောလခဲနဲ့ ဝမ်မလန်းကြားမှာရှိတဲ့ ရွာကို ဗုံးလိုက်ကြဲချတယ်။ အလုံးရေ(၂၀)ကျော်တယ်။”လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုပါတယ်။

ထိခိုက်မှုပျက်စီးမှုအခြေအနေကိုတော့ ကန္တာရဝတီတိုင်း(မ်) အနေနဲ့ စုံစမ်းမေးမြန်းနေဆဲဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့ လေယာဥ်ဗုံးကြဲချတဲ့အပေါ် ဗိုလ်မှူးကြီး ဘုန်းနိုင်က အခုလို သုံးသပ်ပြောဆိုပါတယ်။

“တိုက်ပွဲဖြစ်တာလည်းမရှိဘူးလေ။ သူတို့(စစ်ကောင်စီ)က လုပ်နိုင်တဲ့ဖက်က လုပ်တယ်လေ အထိနာအောင်ပေါ့။ သူတို့အတွက် ရိက္ခာပို့နိုင်ဖို့ လမ်းကြောင်းရှင်းတာလည်း ဖြစ်မှာပေါ့။”လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့က ဘောလခဲမြို့အနီး၊ မိုင်းထန်နဲ့ ဝမ်မလန်းကြားမှာ စစ်ကောင်စီတပ်ရဲ့ ဘောလခဲအခြေစိုက် စစ်ဗျူဟာက တပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက် သေဆုံးမှုတွေရှိခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘူးလို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts