spot_imgspot_imgspot_imgspot_img
Saturday, July 12, 2025
spot_imgspot_imgspot_imgspot_img

ဘောလခဲမြို့နယ်က စစ်ကောင်စီတပ်ရင်းတွေကို အဓိကရေပေးနေတဲ့ ရေမော်တာကို ဖျက်ဆီးခဲ့

ကန္တာရဝတီတိုင်း( မ် )

ဘောလခဲမြို့နယ်က စစ်ကောင်စီတပ်ရင်းတွေကို သောက်သုံးရေ အဓိကပေးနေတဲ့ စစ်ဗျူဟာတပ်ရင်း ရေစုပ်စက်ကို လက်နက်ကြီးနဲ့ ဖျက်ဆီးလိုက်တယ်လို့ ဘောလခဲ PDF က ဒီကနေ့ ( ဩဂုတ်လ ၂၅ ရက်)နေ့မှာ ထုတ်ပြန်ထားပါတယ်။

“ သူတို့က ပွန်ချောင်းရေကို အသုံးပြုနေတယ်ပေါ့။ ဒီဗျူဟာဆိုရင် ရေစုပ်စက်တစ်ခုရှိတယ်။ ၃၃၇ဆိုရင် ရေစုပ်စက် တစ်ခုရှိတယ်ပေါ့နော။ အဓိက သူတို့က ပွန်ချောင်းနဲ့တော့ နည်းနည်းအလှမ်းဝေးတယ်ပေါ့နော။ ပေ ၅၀၀၊ ၆၀၀လောက်ရှိမယ်ပေါ့။ အဲ့ဒါသူတို့ဆင်းခပ်ရတဲ့အတွက် အဲ့ဒီဟာကို ဖျက်နိုင်ရင်တော့ သူတို့ ရေအခက်အခဲရှိတယ်ပေါ့နော။” လို့ ဘောလခဲ PDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၉နာရီမှာ လက်နက်ကြီး၊ စနိုက်ပါနဲ့ သွားရောက်ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီက ရေစုပ်စက်အနီးမှာ ကင်းပုံးနဲ့ အစောင့်ပုံစံမျိုးကို အမြဲထားရှိတယ်လို့ ဆိုပါတယ်။

သွားရောက်ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ​ဘောလခဲမြို့မှာရှိတဲ့ စစ်ကောင်စီတပ်သားတချို့ကလည်း ဘောလခဲ PDF ကနေတစ်ဆင့် CDM ပြုလုပ်တာတွေလည်း ရှိနေပါတယ်။

spot_img