spot_imgspot_imgspot_imgspot_img
Friday, January 17, 2025
spot_imgspot_imgspot_imgspot_img

ဘောလခဲမြို့နယ် မိုင်ထန်းကျေးရွာမှာ လက်နက်ကြီးကျရောက်ခဲ့ပြီး နေအိမ်နှစ်လုံးမီးလောင်

Author

Date

Category

ထွေးရယ် ( ကန္တာရဝတီတိုင်း(မ်) )

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ် မိုင်ထန်းကျေးရွာမှာ ယမန်နေ့ မေလ ၁ရက်နေ့ ည ၆ နာရီအချိန်မှာ လက်နက်ကြီးနှစ်လုံးကျရောက်ခဲ့ပြီး ဒေသခံနေအိမ် နှစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ KNDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဘောလခဲအခြေစိုက်တပ်ကနေ ၁၂၀ မမနဲ့ ပစ်ခတ်တာဖြစ်ပြီး ဘယ်နှလုံးပစ်ခဲ့တယ် ဆိုတာကိုတော့ တိတိကျကျမသိရဘူးလို့ ဆိုပါတယ်။

“ သူတို့ ပစ်လိုက်တဲ့ လက်နက်ကြီး ကျည်ကြောင့် အိမ်နှစ်လုံး ထိသွားဒါပေါ့နော။ နောက်ပြီးတော့
အဲ့အိမ်နှစ်လုံးကို မီးလောင်သွားတယ်ပေါ့နော။ နောက်ပြီ အဲ့မှာရှိနေတဲ့ နွားပေါ့နော။ နွားတစ်ကောင်ထိသွားတယ်။ ဆိုတော့ လူတော့မထိဘူးပေါ့နော။ လူတော့မထိဘူး။ ဒါပေမယ့် စကစက လက်နက်ကြီးတွေ ပစ်တဲ့အတွက် ရွာထဲမှာ ရှိတဲ့ လူတွေက မနေရဲတော့ဘူး။ မနေရဲ့တော့တဲ့အတွက် အကုန်လုံး မိသားစုဝင်တွေက ရွာထဲမှာ ရွေ့နေကြတယ်ပေါ့နော။ ဘုန်းကြီးကျောင်းမှာ စစ်ရှောင်ခိုလှုံနေကြတယ်ပေါ့။ အဲ့လို အခြေအနေဖြစ်သွားတယ်ပေါ့နော။ “ လို့ KNDF တာဝန်ရှိသူက ပြောပါတယ်။

ဘောလခဲမြို့နယ်အတွင်း ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့မှာ ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF၊ PDF စတဲ့ ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNDF က ပြောပါတယ်။

ယမန်နေ့ မေလ ၁ ရက်နေ့မှာတော့ ဘောလခဲမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိပေမယ့် စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတာဖြစ်တယ်လို့ သိရပါတယ်။

“ အဲ့ဒီလက်နက်ကြီး ပစ်လာတယ်ဆိုတာကလည်း ဒီထိတွေ့မှုဖြစ်တဲ့နေရာနဲ့ ဆန့်ကျင်ဘက် ဒါပေမယ့် သူတို့ ဘာရည်ရွယ်ချက်နဲ့ ပစ်လဲတော့ မသိဘူး။ ရည်ရွယ်ချက်တော့ရှိတယ် ဘာဖြစ်လို့လဲဆိုတော့ ရွာထဲကို ပစ်ထည့်တယ် လက်နက်ကြီးကို ပစ်ထည့်ပြီးတော့မှ အိမ်ပါမီးလောင်သွားတယ်ပေါ့နော။ အိမ်ပါထိတယ်ဆိုတော့ ဒီဘက်ကို ပစ်ချင်လို့ ပစ်တယ်ပေါ့နော။ “ လို့ ဆက်ပြောပါတယ်။

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာလည်း ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့က ကျေးရွာတစ်ရွာထဲကို လက်နက်ကြီးနှစ်လုံး ကျရောက်ခဲ့ပြီး တစ်လုံးပေါက်ကွဲခဲ့ပါတယ်။ နေအိမ်တချို့ကို ထိတာတွေရှိနေပြီး ပျက်စီးမှုအတိအကျကိုတော့ အတည်မပြုနိုင်သေးပါဘူး။

spot_img
spot_img
spot_img

Recent posts