ဘောလခဲမြို့မှာ ဒီကနေ့ မေလ ၂၃ရက်နေ့ မနက် ၁၀နာရီ မိနစ် ၃၀ ဝန်းကျင်လောက်မှာ စစ်ကောင်စီက ငါးမျှားပြန်လာတဲ့ အရပ်သား ၃ ဦးကို ပစ်ခတ်ခဲ့ပြီး တစ်ဦး ဒဏ်ရာရ၊ တစ်ဦး သေဆုံးသွားပြီး သေဆုံးသူရဲ့အလောင်းကို ပြန်မရသေးဘူးလို့သိရပါတယ်။
” နန်းဖဲရွာမှာ မနေ့ညက စခန်းဝင်ပစ်တယ်။ မနေ့ညက ရဲတစ်ယောက်ထပ် အပစ်ခံထိတယ်ပေါ့။ PDFတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ပစ်တာပေါ့။ ရဲတစ်ယောက်က သေသွားတယ်ပေါ့။ သေတော့ ဒီမနက်ပိုင်းမှာ သင်္ဂြိုလ်တယ်ပေါ့။ သင်္ဂြိုလ်တဲ့ အချိန်မှာ အဲ့ဒီအရပ်သားတွေ ငါးမျှားပြန်လာတာကို သူတို့တွေ့တော့ သူတို့ပစ်သတ်လိုက်တာပေါ့။ ” လို့ ဒေသခံတစ်ဦးထံမှသိရပါတယ်။
မနေ့က ဘောလခဲ၊ နန်းဖဲ မှာ စစ်ကောင်စီနဲ့ PDF တို့ ပစ်ခတ်မှုရှိခဲ့ပြီး ရဲတပ်ဖွဲ့ တစ်ဦး သေဆုံးခဲ့ပါတယ်။
မေလ 20 ရက်နေ့မှာလည်း ဘောလခဲမြို့နယ်နဲ့ ဖားဆောင်းမြို့နယ်ကြားက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့နယ်မြေအတွင်း စစ်ကောင်စီနဲ့ KNPP တို့ ၃ နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။