spot_imgspot_imgspot_imgspot_img
Wednesday, June 18, 2025
spot_imgspot_imgspot_imgspot_img

ဘောလခဲ၊ ရေနီပေါက်က စစ်ကောင်စီရဲ့ ကာကင်းစခန်း သိမ်းပိုက်မှုအတွင်း ပူးပေါင်းတပ်ဖက်မှ ၄ ဦး ကျဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဘောလခဲမြို့နယ်အတွင်းက စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်းတခုကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်နိုင်တယ်လို့ သိရှိရပါတယ်။ အဆိုပါ စခန်းသိမ်းပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖက်မှ ၄ ဦး ကျဆုံးခဲ့ရပြီး စစ်ကောင်စီတပ်ဖက်မှ ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ကရင်နီပြည်တပ်မတော် KA ရဲ့ စစ်ရေးချုပ်က ပြောပါတယ်။

“အားလုံးပေါင်း ၄ ဦးကျတယ်။ ရန်သူဖက်ကတော့ ၂၀ ကျော် သေတယ် ဒဏ်ရာရများတယ်။ အတိအကျတော့ မသိရဘူး။ လက်နက်မျိုးစုံ ၈ လက်နဲ့ ကျည်မျိုးစုံ သိမ်းဆည်းရမိတယ်။” လို့ ကရင်နီပြည်တပ်မတော် KA ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

အဆိုပါ ကာကင်းစခန်းကို မေလ ၂၂ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တာပါ။ တိုက်ပွဲအတွင်း ကရင်နီတပ်မတော် KA မှ တစ်ဦး၊ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်မှ နှစ်ဦးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ် DMO Local PDF က တစ် ဦး ကျဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖက်က ဂျက်ဖိုက်တာနဲ့ ၇ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ မိုးဗြဲမြို့နဲ့ ဘောလခဲမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေဆဲလို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရှိရပါတယ်။

spot_img
spot_img

Recent posts