spot_imgspot_imgspot_imgspot_img
Wednesday, September 11, 2024
spot_imgspot_imgspot_imgspot_img

ဘောလခဲ ရေ‌ကျော် တပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေ သိမ်းပိုက်ချေမှုန်းနိုင်ခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဘောလခဲ ခရိုင်အတွင်းက ရေကျော် တပ်စခန်းကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတွေက ဒီကနေ့ ဩဂုတ်လ ၈ ရက်နေ့မှာ သိမ်းပိုက်ချေမှုန်း နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ရေကျော်တပ်စခန်းကို သိမ်းပိုက်နိုင်ဖို့ မယ့်စလောင်းတောင်စခန်း သိမ်းပိုက်နိုင်ခဲ့ပြီးကတည်းက ကြိုးစားဆောင်ရွက်ခဲ့တယ်လို့ ကရင်နီတပ်မတော်(KA)တပ်ရင်း(၅) ရဲ့ တပ်ရင်းမှူး ခွန်းပလော်ရီ က ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ဒီမယ့်စလောင်းနဲ့ ဘောလခဲအကြား ရေကျော်မှာနော်။ ဒီရေကျော်မှာ ဒီမနက် ၇နာရီ ၅၀ မှာစဖြစ်တယ်။ ကျနော်တို့ ဒီမယ့်စလောင်းမှာ သိမ်းပြီးတော့မှ ဒီရေကျော်မှာ ပြန်နားနေတယ်လေ။ ဒီရေကျော်မှာ သူတို့ စခန်းချဖို့ အဲ့တာ စီစဥ်တာပေါ့နော် ပြန်နေတယ် အဲ့တာ ဒီမနက် ကျနော်တို့ သွားချေမှုန်းလိုက်တယ်။” လို့ ခွန်းပလော်ရီကဆိုပါတယ်။

ဘောလခဲ ခရိုင်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ရေးအရေးပါတဲ့ မယ့်စလောင်းတပ်စခန်းကို ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့မှာ ကရင်နီတော်လှန်ရေး တပ်‌ပေါင်းစုသိမ်းပိုက်နိုင်ခဲ့ပြီးနောက် မယ့်စလောင်းတောင်စခန်းက စစ်ကောင်စီတပ်အင်အားတွေ ရေကျော်တပ်စခန်းမှာ အခြေချပြန်လည်နေထိုင်ကြတာဖြစ်ပါတယ်။

အဆိုပါ စခန်းမှာ စစ်ကောင်စီရဲ့ စကခ ၂ လက်အောက်ခံတပ်ရင်း ခမရ ၅၀၅ရှိနေတာဖြစ်ပါတယ်။ တိုက်ပွဲအပြီးမှာတော့ စစ်ကောင်စီတပ်သား အလောင်း(၅) လောင်းအပြင် လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ခွန်းပလော်ရီက ဆိုပါတယ်။

လက်ကျန်တပ်သားတွေကတော့ ဘောလခဲဘက်ကို တပ်ဆုတ်သွားပြီး လူအင်အားစုက စစ်ကြောင်းပြန်ထိုးလာနိုင်တယ်လို့ ခွန်းပလော်ရီက ပြောပါတယ်။

spot_img
spot_img

Recent posts