မတ် လ ၁၂ ရက် ဗုဒ္ဓဟူးနေ့ ညနေခင်းရုပ်သံသတင်းအစီအစဉ်
00:00-အဖွင့်
00:49- ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက ဗုံးအလုံးရေ (၁၅) လုံးကြဲချတိုက်ခိုက်ခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
01:54- နယ်စပ်က စစ်ရှောင်စခန်းတနေရာမှာ ရေကြောင့် အရေပြားအနာနဲ့ ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေ တယ်လို့ သိရပါတယ်။
02:48- ရှမ်းပြည်နယ် ညောင်ရွှေက စစ်ရှောင်တွေအတွက် ရိက္ခာဖြန့်ဝေမှုကို စစ်ကောင်စီ ပိတ်ပင်နေပြီး နေရပ်ပြန်ဖို့ ဖိအားပေးနေတယ်လို့ သိရပါတယ်။
04:00- မယ်စဲ့မြို့နယ်ထွက် ပဲပုပ်တွေကို ထိုင်းကိုတင်ပို့ရောင်းပေမယ့် စျေးကောင်းမရဘူးလို့ တောင်သူတွေက ပြောပါတယ်။
စတဲ့သတင်းတွေကို ကြည့်ရှုနားဆင်ရမှာပါရှင်…..
04:57-အပိတ်
ကန္တာရဝတီတိုင်း(မ်) ရဲ့ ညနေခင်းရုပ်သံသတင်းတွေကို တင်ဆက်ပေးနေတာဖြစ်ပါတယ်။ ကြည့်ရှုအားပေးနေကြတဲ့ ပရိတ်သတ်များအားလုံး နဲ့ ကရင်နီပြည်သူပြည်သားအားလုံး ဘေးကင်းလုံခြုံပြီး စိတ်နှလုံးအေးချမ်းကြပါစေရှင်….။ ကျမ မော်လေးမြာပါ…..