မတ် လ ၂၄ ရက် တနင်္လာနေ့ ညနေခင်းရုပ်သံသတင်းအစီအစဉ်
00:00 – အဖွင့်
00:50 – စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နဲ့အတူ မိုးဗြဲ PDF (၁၀၀၁) တပ်ရင်းဆီ အလင်းဝင်လာ ပါတယ်။
01:55 – ဖယ်ခုံမြို့နယ် ကျေးရွာတရွာမှာ လက်လုပ်မိုင်း ကိုင်ဆော့ရာကနေ ၃ဦးထိခိုက်ပြီး ဖခင်ဖြစ်သူ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။
02:52 – လေပြင်းတိုက်ခတ်မှုကြောင့် ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်နေရာတွင် စစ်ရှောင်နေအိမ် အလုံး ၂၀ ပျက်စီးမှု ရှိနေပြီး အကူအညီများ လိုအပ်နေပါတယ်။
04:01 – မတ်လ ၂၄ ရက်နေ့ကနေ မတ်လ ၃၀ ရက်နေ့အထိ ကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံနေရာအချို့ မိုးထစ်ချုပ်ရွာနိုင်တယ်လို့ NUG က အသိပေးထုတ်ပြန်ပါတယ်။
စတဲ့သတင်းတွေကို ကြည့်ရှုနားဆင်ရမှာပါရှင်…..
05:09 – အပိတ်
ကန္တာရဝတီတိုင်း(မ်) ရဲ့ ညနေခင်းရုပ်သံသတင်းတွေကို တင်ဆက်ပေးနေတာဖြစ်ပါတယ်။ ကြည့်ရှုအားပေးနေကြတဲ့ ပရိတ်သတ်များအားလုံး နဲ့ ကရင်နီပြည်သူပြည်သားအားလုံး ဘေးကင်းလုံခြုံပြီး စိတ်နှလုံးအေးချမ်းကြပါစေရှင်….။ ကျမ မော်လေးမြာပါ…..