spot_imgspot_imgspot_imgspot_img
Wednesday, June 18, 2025
spot_imgspot_imgspot_imgspot_img

မယ်စဲ့မြို့နယ်က စစ်ရှောင်စခန်းတနေရာမှာ အလယ်တန်းကနေ အထက်တန်းအဆင့်ကို တိုးချဲ့ဖွင့်လှစ်ရန်ပြင်ဆင်ပြီး အကူအညီတွေ လိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ မယ်စဲ့မြို့နယ်အတွင်းက စစ်ရှောင်စခန်းတနေရာမှာ လာမယ့် စာသင်နှစ်အတွင်း အထက်တန်းအဆင့်တိုးချဲ့ ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်ဆောင်ရွက်နေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စာသင်နှစ်တွေမှာတော့ အလယ်တန်းအဆင့်ထိသာ ဖွင့်လှစ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ လာမယ့် စာသင်နှစ်တွေမှာတော့ အထက်တန်းအဆင့်ကို တိုးချဲ့ဖွင့်လှစ်ပေးနိုင်ဖို့ ပြင်ဆင်နေကြပြီး အလယ်တန်းနဲ့ အထက်တန်းအဆင့်အတွက် ဖတ်စာအုပ်မရှိသေးတာကြောင့် အကူအညီတွေ လိုအပ်နေတာပါ။

ကျောင်းသုံးဖတ်စာအုပ်တွေ မရှိသေးသလို မိဘတွေအနေနဲ့လဲ အလုပ်အကိုင်၊ ဝင်ငွေ မရှိတာတွေကြောင့် ဝယ်မပေးနိုင်ကြဘူးလို့ အဆိုပါစစ်ရှောင်စခန်းရဲ့ ကော်မတီဝင်တစ်ဦးက အခုလို ပြောပါတယ်။

“ကျနော်တို့ အလယ်တန်းကနေ ပြီး‌တော့အထက်တန်းအဆင့်ထိ ဖတ်စာအုပ်တွေက မရှိသေးပါဘူး။ ကျနော်တို့ ဘယ်လိုဆက်ပြီးတော့ လုပ်ရမလဲဆိုတဲ့ ဟာမျိုးတွေ အခုတိုင်ပင်နေကြတုန်းပါပဲ ။ မိဘတွေကို ဝယ်ခိုင်းမယ်ဆိုရင်လည်း မိဘတွေက မဝယ်ပေးနိုင်ကြမှာတော့ သေချာတယ်။ မိဘတွေက အလုပ်အကိုင်မရှိကြဘူး။ ကျနော်တို့ နယ်စပ်တွေမှာ စစ်ရှောင်နေရတာ ဖြစ်လို့ လုပ်ကိုင်စားသောက်ဖို့ နေရာတွေက မရှိဘူးပေါ့။” လို့ စစ်ရှောင်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စာသင်နှစ်တွေမှာ မူလတန်း (၂) ကျောင်းနဲ့ အလယ်တန်းအဆင့် ၁ ကျောင်း ဆိုပြီး စုစုပေါင်း ကျောင်း(၃)ကျောင်း ဖွင့်လှစ်ထားကာ ကျောင်းသား/သူ အရေအတွက် ၅၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts