spot_imgspot_imgspot_imgspot_img
Sunday, June 15, 2025
spot_imgspot_imgspot_imgspot_img

မယ်စဲ့မြို့နယ်ထွက် ပဲပုပ်တွေကို ထိုင်းကိုတင်ပို့ရောင်းပေမယ့် စျေးကောင်းမရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ မယ်စဲ့မြို့နယ်က ထွက်ရှိတဲ့ ပဲပုပ်တွေကို အိမ်နီးချင်း ထိုင်းနိုင်ငံဆီ တင်ပို့ရောင်းချပေမယ့် စျေးကောင်းမရဘူးလို့ မယ်စဲ့တောင်သူတွေဆီကနေ သိရပါတယ်။

“အခုထိုင်းဖက် က ဈေးနည်းတယ်။ ထိုင်းဖက်ကတော့ ပုံမှန်ပဲပေါ့ ဈေးသိပ်မရဘူးပေါ့။ ထိုင်းဖက်ဆို သယ်ခဘာခဆို သူ့ဈေးတွက်လို့ မကိုက်ရင် သူမလာဝယ်ဘူး ကိုယ်လဲမရောင်းရဘူး။ ဈေးပေါပေါနဲ့ရောင်းရတယ် အဲ့မျိုးပေါ့။” လို့ မယ်စဲ့မြို့နယ်ထဲက ပဲပုပ်စိုက်တောင်သူ တစ်ဦးကပြောပါတယ်။

အာဏာမသိမ်းခင်ကာလမှာ မယ်စဲ့မြို့နယ်ကထွက်တဲ့ ပဲပုပ်ကို လွိုင်ကော်မြို့ကို အဓိက တင်ပို့ရောင်းချခဲ့ကြပြီး ၁၅ကီလို (တစ်ပုံး) ကို ၄သောင်းကျပ် ဝန်းကျင် ရရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ထိုင်းနိုင်ငံဘက်ခြမ်းကို တင်ပို့တဲ့ ပဲပုပ် ၁၅ ကီလို (တပုံး) ကို ဘတ်ငွေ ၂၅၀ (မြန်မာငွေပေါက်စျေး ၃၂၀၀၀ ကျပ်) ဝန်းကျင်သာရရှိတယ်လို့ ဆိုပါတယ်။

ပဲပုပ်စျေးမကောင်းတာကြောင့်လည်း မြို့နယ်အတွင်းမှာ ပဲပုပ်စိုက်တောင်သူတွေ နည်းပါးလာတယ်လို့ ဒေသခံတွေကပြောပါတယ်။ မယ်စဲ့မြို့နယ်တွင်းက ဒေသခံတွေဟာ ပဲပုပ်ကို စီးပွားဖြစ် အဓိက စိုက်ပျိုးကြပြီး စပါး၊ နှမ်း ကို စိုက်ပျိုးသူ နည်းတယ်လို့ ဆိုပါတယ်။

ပဲပုပ်ကို မိုးဦးရာသီမှာစိုက်ရင် မတ်၊ ဧပြီလတွေမှာ စိုက်ပျိုးကြသလို မိုးစပါးအပြီး နိုဝင်ဘာ၊ ဒီဇင်ဘာလမှာ စိုက်ပျိုးကြသူလည်းရှိတယ်လို့ ဆိုပါတယ်။

spot_img
spot_img

Recent posts