spot_imgspot_imgspot_imgspot_img
Tuesday, January 21, 2025
spot_imgspot_imgspot_imgspot_img

မယ်လယုတပ်စခန်းက စစ်ကောင်စီတွေ တပ်ဆုတ်ခွာ၊ လက်ကျန် လက်နက်ခဲယမ်းအများအပြား နဲ့ ကား၊ဆိုင်ကယ်အချို့ ကို ကရင်နီပြည်တပ်မတော်က သိမ်းဆည်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဆိုတရှားမြို့ နယ် (ထိုင်း-ကရင်နီနယ်စပ်) မှာရှိတဲ့ မယ်လယု တပ်စခန်းက စစ်ကောင်စီရဲ့ ခလရ-၁၃၄ တပ်သားတွေဟာ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ဆုတ်ခွာသွားပါတယ်။
အဆိုပါနေ့ရဲ့ မနက်ခင်း ၅နာရီကနေ ၇ နာရီအထိ ကရင်နီပြည်တပ်မတော် KA ကသွားရောက် တိုက်ခိုက်ခဲ့ပြီး နောက်မှာ ခုလိုဆုတ်ခွာသွားတာဖြစ်တယ်လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်ကပြောပါတယ်။

“ကျနော်တို့ ပထမက မနက် ၅နာရီကနေ ၇နာရီကြားမှာပဲဖြစ်တာလေ။ အဲ့တာ ဖြစ်တော့ သူတို့လည်း မနေနိုင်ပြန်ဆုတ် ထွက်ခွာတာပေါ့ သူတို့ စခန်းကနေ။ နယ်စပ်က စခန်းသိမ်းတာမဟုတ်ဘူး။ သူတို့ပြန်ဆုတ်တာ ပစ်ခတ်မှုတော့ နည်းနည်းပါးပါးရှိတယ်။ လက်နက်ကျည်ဆံတချို့ရမယ်။ နောက်ပြီး ကားတချို့ရမယ်ပေါ့။ ဆိုင်ကယ်တချို့ရတာပေါ့။”လို့ ဗိုလ်မှူးဘုန်းနိုင်က ဆိုပါတယ်။

တပ်ဆုတ်ခွာသွားခဲ့တဲ့ မယ်လယု တပ်စခန်းမှာ စစ်ကောင်စီ တပ်အင်အား ၈၀ ဝန်းကျင် ရှိပါတယ်။
အဆိုပါ မယ်လယုတပ်စခန်းက စစ်ကောင်စီတွေ တပ်ဆုတ်သွားတာဟာ သူတို့(စကစ)ရဲ့ စားနပ်ရိက္ခာအခက်ခဲတွေကြောင့် ဖြစ်မယ်လို့ ဗိုလ်မှူးဘုန်းနိုင်က အခုလို သုံးသပ်ပြောဆိုပါတယ်။

“သူတို့စားနပ်ရိက္ခာအခက်ခဲဖြစ်တော့ သူတို့ဆုတ်တဲ့သဘောလဲပါတာပေါ့လေ။ သူတို့ကြားမှာ နေခဲ့ရတော့ သူတို့ အထက် အမိန့်ပေးလို့ ဆုတ်တဲ့သဘောဖြစ်မှာပေါ့။”လို့ ဗိုလ်မှူးဘုန်းနိုင်က ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ ကရင်နီတပ်မတော် KA ဖက်မှ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတွေလည်း အများအပြား သိမ်းဆည်းရမိခဲ့သလို ကား၊ဆိုင်ကယ်အချို့ပါ သိမ်းဆည်းရမိခဲ့ပါတယ်။

သိမ်းဆည်းရမိတဲ့ လက်နက်တွေမှာတော့ ၆၀ မမ (၂၁၂)လုံး၊ MA 1 ကျည်အိမ် (၁၂) တောင့်၊ A 1 ကျည် (၅၄၇၀)တောင့်၊ နောင်တိုကျည်(၁၀၂၂၈)တောင့်၊ တိုဘီတို(၁၄)ချောင်း၊ RPG (၆၀ ) လုံး၊ လက်ပစ်ဗုံး (၁၁၉) လုံး နဲ့ ၈၁ မမ သီး(၃၃)လုံး သိမ်းဆည်းရခဲ့ပါတယ်။

ဒါ့အပြင် မိုင်းတွေထဲက ၁၄ မိုင်း၊ ၁၆မိုင်းနဲ့ ၁၈ မိုင်းတွေအပြင် ဖိုးဝီး ကား (၇)စီး ၊ ၆ ဘီးကား (၃)စီး ၊ ဒိုဇာကား (၁)စီးနဲ့ ဆိုင်ကယ် ၂စီး သိမ်းဆည်းရမိခဲ့ပါတယ်။

မယ်လယုတပ်စခန်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ နဲ့ ၂၈ ရက်နေ့မှာ ကရင်နီ တပ်မတော် (KA) ကနေ ပစ်ခတ်မှုလုပ်ခဲ့ကာ ၂၈ ရက်နေ့မနက်ပိုင်းမှာ ထိတွေ့မှာ အနည်းငယ်ဖြစ်ပွားခဲ့တာပါ။

တပ်ကနေ ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ တောင်ကတုံးကနေ ရှမ်းပြည်ဖက်ကို ဖြတ်သန်းဆုတ်ခွာသွားကြတာဖြစ်တယ်လို့ ဗိုလ်မှူးဘုန်းနိုင်က ပြောပါတယ်။

spot_img
spot_img
spot_img

Recent posts