spot_imgspot_imgspot_imgspot_img
Friday, December 13, 2024
spot_imgspot_imgspot_imgspot_img

မလိုအပ်ဘဲ လူစုလူဝေးမလုပ်ကြဖို့ ကျန်းမာရေးဌာနမှ တာဝန်ရှိသူတွေ တိုက်တွန်းထား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်၁၉ရောဂါဖြစ်ပွားမှုကို ကြိုတင်ထိန်းချုပ်နိုင်ဖို့အတွက် မလိုအပ်ဘဲ အပြင်သွားတာတွေ လူစုလူဝေးတွေ မပြုလုပ်ကြဖို့ ကျန်းမာရေးတာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။

မဖြစ်မနေ အပြင်သွားရတာတွေ အစည်းအဝေးတွေ သင်တန်းတွေ သွားတက်တဲ့အခါမှာလည်း Mask တပ်ထားရမှာဖြစ်တယ်လို့ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောပါတယ်။

ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်

“လိုအပ်လို့အစည်းအဝေးသွားတာ ကျောင်းတက်တာ သင်တန်းသွားတာ ဒါတွေလုပ်သင့်သလို မလိုအပ်ဘဲနဲ့ အပျော်အပါးတွေကြောင့် လူစုလူဝေးတွေနဲ့တရုန်းရုန်းလုပ်တဲ့ဟာမျိုးတွေ ရှောင်သင့်တယ် သူများလုပ်ခဲ့ရင် ကိုယ်မသွားဘူးဆိုရင် ကိုယ့်မှာကူးစက်ဖို့အခွင့်အရေးတွေ မလိုအပ်ဘဲနဲ့လူစုလူဝေးရှိရာမသွားပါနဲ့ မဖြစ်မနေအစည်းအဝေးတွေလုပ်ရမယ် သင်တန်းတွေရှိမယ်ဆိုရင်လည်း Mask တပ်ပါ’’ လို့ ဒေါက်တာက ဆိုပါတယ်။

လက်ရှိမှာလည်း ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကိုဗစ်၁၉ကူးစက်မှုဟာ မြန်ဆန်နေပြီး အဲဒီကူးစက်နေတဲ့ ဗိုင်းရစ်ပိုးဟာ မျိုးရိုးဗီဇပြောင်းလဲနေတဲ့အမျိုးအစားဖြစ်တာကြောင့် ဆေးသုတေသနဦးစီးဌာန၌ ဗိုင်းရပ်စ်ပိုးရဲ့ မျိုးရိုးဗီဇကို စစ်ဆေးဖော်ထုတ်သွားမယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာထားပါတယ်။

ဒါ့အပြင် အပြင်ထွက်မယ်ဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက် ၆ပေခြားပြီး နေကြပြီး Mask စနစ်တကျတပ်ထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

“အပြင်ထွက်ရင် Mask တပ်ပါ တစ်ယောက်နဲ့တစ်ယောက် Social Distancing လို့ခေါ်တဲ့ အစည်းအဝေးတွေ သင်တန်းတွေလုပ်တဲ့အခါ ၆ပေခြားပြီးတော့ Mask တွေစနစ်တကျ တပ်ထားမယ်ဆိုရင် ပြည်သူလူထု ကျတော်တို့တစ်ယောက်ကိုတစ်ယောက် ကူးစက်မှုအခြေအနေက အရမ်းနည်းမှာဖြစ်ပါတယ်။ ဒါတွေလိုပါတယ် ” လို့ ဒေါက်တာဌေးလွင်ကဆက်ပြောပါတယ်။

ကိုဗစ်က မပြီးသေးဘူးပေါ့နော ပြန်ပြီးတော့တွေ့လာတယ်။ ဒီကယားပြည်နယ်မှာမတွေ့သေဘူးဆိုပေမယ့် သတိဝိရိယရှိပြီးနေဖို့လိုအပ်တယ်ပေါ့နော။ တစ်ယောက်လောက်တွေ့လိုက်တာနဲ့ ကူးစက်နိုင်ခြေကပိုများတယ်ပေါ့နော။ အဲတော့ Mask ကတော့ အမြဲတမ်းတပ်ရမယ် လက်ပုံမှန်ဆေးရမယ်ပေါ့နော။ တစ်ခုခုဖျားနာသံသယရှိပြီဆိုတာနဲ့ နီးစပ်ရာကိုအသိပေးပြီးတော့ ဆေးရုံဆေးခန်းတွေမှာ အမြန်ဆုံးလာပြရမယ်

လက်ရှိမှာလည်း ကိုဗစ်၁၉ကူးစက်မှုက တစ်ကျော့ပြန်ဖြစ်ပွားနေပြီး ပြည်သူတွေအနေနဲ့ လုံးဝမပေါ့ဆကြဖို့နဲ့ ကျန်းမာရေးဌာနမှထုတ်ပြန်ထားတဲ့အချက်တွေကို ဆက်လက်လိုက်နာကျင့်သုံးမယ်ဆိုရင် ကူးစက်မှုက အလားအလာနည်းမယ်လို့ ဆိုပါတယ်။

တတ်နိုင်သမျှ လူစုလူဝေးရှိရာနေရာများသို့ မလိုအပ်ဘဲ လုံးမ မသွားကြဖို့၊ တစ်ဦးနဲ့တစ်ဦး တတ်နိုင်သျှ ခပ်ခွာခွာနေထိုင်ကြရန် ဖြစ်နိုင်ပါက အနည်းဆုံး ၆ပေ အကွာမှသာ နေထိုင်ပြောဆိုဆက်ဆံကြဖို့၊ လိုအပ်လို့အပြင်ထွက်ပါက လူစုလူဝေးရှိတဲ့နေရာသွားပါက သွားတဲ့အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(mask) ကိုစနစ်တကျ မပျက်မကွက် တပ်ဆင်ကြပါဖို့၊ လက်မှာကပ်ပါလာနိုင်တဲ့ ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကို ဆပ်ပြာနှင့်ရေအသုံးပြုပြီး အနည်းဆုံး စက္ကန့်(၂၀)ကြာအောင် ဆေးကြောကြဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက တိုက်တွန်းပြောဆိုထားပါတယ်။

ကယားပြည်နယ် တီဘီတိုက်ဖျက်ရေးဌာနမှာ ဒေါက်တာသန်းထိုက်ဇော်ကလည်း “ကိုဗစ်က မပြီးသေးဘူးပေါ့နော ပြန်ပြီးတော့တွေ့လာတယ်။ ဒီကယားပြည်နယ်မှာမတွေ့သေဘူးဆိုပေမယ့် သတိဝိရိယရှိပြီးနေဖို့လိုအပ်တယ်ပေါ့နော။ တစ်ယောက်လောက်တွေ့လိုက်တာနဲ့ ကူးစက်နိုင်ခြေကပိုများတယ်ပေါ့နော။ အဲတော့ Mask ကတော့ အမြဲတမ်းတပ်ရမယ် လက်ပုံမှန်ဆေးရမယ်ပေါ့နော။ တစ်ခုခုဖျားနာသံသယရှိပြီဆိုတာနဲ့ နီးစပ်ရာကိုအသိပေးပြီးတော့ ဆေးရုံဆေးခန်းတွေမှာ အမြန်ဆုံးလာပြရမယ် “ လို့ ဒေါက်တာက တိုက်တွန်းပြောဆိုပါတယ်။

ကယားပြည်နယ်မှာ COVID-19ကာကွယ်ကုသရေးလုပ်ငန်းဆောင်ရွက်တာနဲ့ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရန်ပုံငွေ (၁၄)သန်း၊ ကုသရေးဦးစီးဌာနမှ (၉.၁)သန်း၊ ပြည်နယ်အစိုးရမှ ဆေးရုံပြင်ဆင်ရန်နှင့် ဆေး၊ ဆေးပစ္စည်းဝယ်ယူဖို့ (၂၂၃.၁၁၈)သန်း ပံ့ပိုးထားတယ်လို့ သိရပါတယ်။

ပြည်နယ်ရှိ မြို့နယ်တွင်း အဝင်အထွက်ဂိတ် (၁၆)ဂိတ်၊ လွိုင်ကော်လေဆိပ်နှင့် ထိုင်းနယ်စပ်ဂိတ် (၃)ခုမှာ COVID-19ပူးပေါင်းစစ်ဆေးရေးအဖွဲ့နဲ့အတူ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရွှေလွိုင်ကော်ပရဟိတအဖွဲ့၊ စေတနာ့ဝန်ထမ်းတွေက ကိုဗစ်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးကို ဆောင်ရွက်လျက်ရှိနေပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ကိုဗစ်၁၉ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ သြဂုတ်လ၂၆ရက်နေ့ နံနက် ၈ နာရီအထိ ကိုဗစ်၁၉အတည်ပြုလူနာ (၅၇၄)ဦးရှိနေပြီဖြစ်ပါတယ်။

spot_img
spot_img
spot_img

Recent posts