သူ့နာမည်ကတော့ မောရစ်ခွန်းပါ ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ဝါသနာကတော့ မိတ်ကပ်လိမ်းချယ်ပေးရတာဖြစ်ပြီး နိုင်ငံကျော်မင်းသား၊ မင်းသမီးတွေကို လိမ်းခြယ်ပေးနိုင်တဲ့ မိတ်ကပ်ပညာရှင်တစ်ဦး ဖြစ်ချင်တယ်လို့ဆိုပါတယ်။
မိတ်ကပ်ပညာဟာ လူတစ်ယောက်ရဲ့ အအလှတရားကို ပြောင်းလဲပေးနိုင်တယ်လို့ သူက ယုံကြည်ထားတာပါ။
စစ်ရှောင်နေရင်း မိတ်ကပ်ပညာရပ်ကိုလေ့လာနေတာကြောင့် အခက်အခဲတွေအများကြီးရှိနေပေမဲ့ မိတ်ကပ်ပညာရှင် တစ်ဦး ဖြစ်နိုင်အောင် ဆက်လေ့လာဦးမယ်လို့လည်းသူက ပြောပါတယ်။
ဒီအကြောင်းအပြည့်အစုံကို ဗီဒီယိုမှာ ကြည့်ရှုနားဆင်နိုင်ပါပြီခင်ဗျ။