spot_imgspot_imgspot_imgspot_img
Tuesday, December 3, 2024
spot_imgspot_imgspot_imgspot_img

မိုနူမနော(ကော်ယော်)လူမျိူးစုတွေ ဘယ်လိုကိုယ်စားလှယ်လောင်းတွေ မျှော်မှန်းထားလဲ

Author

Date

Category

နော်ဒွေးအယ်ခူ

ဖရူဆိုမြို့နယ်အတွင်း မိုနူမနော(ကော်ယော်)လူမျိူးစုတွေ နေထိုင်ကြတဲ့ တော်ခူအုပ်စုထဲက ဒေသခံပြည်သူတွေအနေနဲ့ လာမယ့် နိုဝင်ဘာလမှာကျင်းပမယ့် ၂၀၂၀အထွေထွေရွေးကောက်ပွဲကြီးမှာ ဒေသအတွက် ဘယ်လို ကိုယ်စားလှယ်တွေကို အလိုရှိကြတယ်ဆိုတာနဲ့ပတ်သက်ပြီး ဖော်ပြပေးလိုက်ပါတယ်။

ဦးမိုးဇက်(ပလဲလယ်ကျေးရွာ)

ဦးမိုးဇက်(ပလဲလယ်ကျေးရွာ)

လာမယ့်ရွေးကောက်ပွဲမှာ ကျနော်တို့ပြည်သူတွေကတော့ အကောင်းဆုံးပုဂ္ဂိုလ်တစ်ဦးတစ်ဦးအနေနဲ့ပေါ့ အဲလိုလိုချင်တယ်။ ပြည်သူအတွက်ပေးဆပ်နိုင်တဲ့ခေါင်းဆောင်တစ်ဦးပေါ့။ ဒါပေမယ့် ကျနော်တို့ပြည်သူက အဲလိုမျိုးလိုလားသော်လည်းပဲ တက်လာတဲ့လူကြီးတွေလည်း တစ်ခါတစ်လေ ကျနော်တို့ပြည်သူတွေအတွက်တော့ သိပ်ပြီးတော့ မပေးဆပ်နိုင်ဘူးပေါ့။ မပေးဆပ်နိုင်တဲ့အပြင် ပြည်သူ့ကို ဒုက္ခပေးနိုင်တဲ့ပုဂ္ဂိုလ်လည်းရှိတယ်။ အဲလိုမျိုးခါကျတော့ ကျနော်တို့ပြည်သူတွေက အကောင်းဆုံးအနေနဲ့ တက်လာမယ့် လူကြီးခေါင်းဆောင်များကို ပြည်သူအနေနဲ့ပေးဆပ်နိုင်တဲ့ခေါင်းဆောင်တစ်ဦး အဲလိုမျိုးလိုချင်တယ်။

ဖရန်စစ်စကို (ခေါပရာကျေးရွာ)

ဖရန်စစ်စကို (ခေါပရာကျေးရွာ)

ရွေးကောက်ပွဲမှာခါကျတော့ ဘယ်အစိုးရပဲတက်လာလာပြည်သူအတွက် ပြည်သူက တောင်းဆိုတဲ့အတိုင်း လုပ်ပေးဖို့ပေါ့နော။ပြီးတော့ အမတ်လောင်းတွေကိုရွေးတဲ့နေရာမှာက ဒေသခံတွေပါရင်တော့ လူမျိုးစုဒေသခံတွေပါရင်တော့ ပိုအဆင်ပြေမယ်။ ဘာဖြစ်လို့လဲဆိုရင် ဟိုးအဝေးကနေ သူတို့မသိနိုင်တဲ့ဒေသရဲ့အခြေအနေ ရိုးရာဓလေ့ မသိနိုင်တဲ့ခါကျတော့ သွားလာရေးလည်းခက်ခဲတယ် ဘာသာစကားလည်း အများကြီးလိုအပ်ခါကျတော့ ဒေသခံအမတ်လောင်းရွေးနိုင်ရင်တော့ပိုအဆင်ပြေလိမ့်မယ်လို့ထင်တာပေါ့နော။

ဦးကျော်စိန် (ပလိုဒေးခိုကျေးရွာ)

ဦးကျော်စိန် (ပလိုဒေးခိုကျေးရွာ)

သူကပြည်သူအတွက် နည်းနည်းစဉ်းစားပေးရမှာပေါ့။ ပြည်သူဘယ်နားခက်ခဲလဲ လိုအပ်တဲ့ဟာ အဲလိုမျိုး ပြည်သူအတွက် နည်းနည်းနားလည်ပေးတဲ့သူမှကောင်းမှာပေါ့။

ဦးဒါဝီ (သော်ခူကျေးရွာ)

ဦးဒါဝီ (သော်ခူကျေးရွာ)

ပါတီတိုင်းကတော့ လုပ်ပေးမယ်လုပ်ပေးမယ် ပြောတော့ပြောတာပဲ အဲဒီပါတီတိုင်းကတော့။ နောက်ပြီးတော့ ဖြစ်လည်းဖြစ်သွားရော အကောင်အထည်ဖော်ပေးတာတော့ နည်းပါတယ် သိပ်ပြီးတော့ မရှိပါဘူး။ ဒါပေမယ့် ကျနော့််အနေနဲ့ အဲလို ဘယ်ပါတီပဲတက်တက် ဖြစ်လာပြီဆိုရင် တကယ့်အရင်းအမြစ်ကို ကြည့်ပြီးတော့ အရင်းအမြစ်ဆိုတာက တကယ့် အောက်ခြေမှာစစ်ဆေးနိုင်ဖို့ပေါ့။ အောက်ခြေစစ်ဆေးနိုင်မှပဲ ဘာပဲကျကျ ဘတ်ဂျက်ပဲကျကျ စစ်ဆေးနိုင်မှအကောင်အထည်ဖော်တာ ထိရောက်မှုရှိတယ်လေ။ အခုကျလာတယ် အထက်ကစစ်ဆေးမှုတအားနည်းတော့ အောက်ခြေမှာဘယ်လိုဖြစ်လဲမသိတော့ ဟန်ပဲလုပ်သွားတယ် အဲလိုပဲဖြစ်သွားတာများတယ်။ကျတော့်အနေနဲ့ဆိုရင် ဖြစ်နိုင်လို့ရှိရင် ကိုယ်ရွေးတဲ့ပါတီဆိုရင် ကိုယ့်ရဲ့နယ် ကျေးရွာတွေမှာကစပေါ့ လိုအပ်တာတွေ အောက်ခြေကတင်သွင်းလာတဲ့စာတွေပေါ့ ရောက်တယ်ဆိုရင် အချက်အလက်ကြည့်ပြီးမှ အကောင်အထည်ဖော်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။

စောခူးလယ်ဝါး (ပလိုဒေးခိုကျေးရွာ)

စောခူးလယ်ဝါး (ပလိုဒေးခိုကျေးရွာ)

၂၀၂၀ရွေးကောက်ပွဲက နိုင်ငံသားအားလုံးနဲ့ဆိုင်တယ်ပေါ့နော။ ကျနော်တို့ မဲထည့်ခွင့်ရှိတဲ့သူနဲ့အားလုံးဆိုင်တဲ့အတွက်ကြောင့်မို့လို့ ကျနော့််အနေနဲ့ ဘယ်လိုကိုယ်စားလှယ်လောင်းအလိုရှိလဲဆိုရင် ကျနော်တို့ပြည်သူအတွက် ဒေသခံအတွက် တကယ်ဦးစားပေးပြီးလုပ်ဆောင်ချင်တဲ့ လုပ်ဆောင်တတ်တဲ့ လုပ်ဆောင်နေတဲ့ ကိုယ်စားလှယ်လောင်းကိုအလိုရှိတယ်။ပြီးတော့ ကိုယ်စားလှယ်လောင်းက ဒေသခံဖြစ်ရင်တော့ပိုကောင်းတာပေါနော။ ဘယ်အဖွဲ့အစည်း ဘယ်ပါတီပဲဖြြစ်ဖစ် အဓိက မကျဘူးလို့ ကျနော်ထင်တယ် ကျနော်တို့ပြည်သူအတွက် အမှန်တကယ် အလုပ်လုပ်ပေးချင်တဲ့ ကိုယ်စားလှယ်လောင်းကိုရမယ်ဆိုရင် ဒါကကျနော်တို့အတွက် အရမ်းကောင်းတဲ့ ပုဂ္ဂိုလ်ရပြီလို့တော့ ကျနော်ခံစားမိတာပေါ့နော။

မအဲလိဇဘတ် (သော်ခူကျေးရွာ)

မအဲလိဇဘတ် (သော်ခူကျေးရွာ)

ကျမအနေနဲ့က သူတို့ကတတ်နိုင်သမျှ အခုတော့ လမ်းတွေလုပ်ပေးတာတော့အစိုးရပေါ့နော တိုးတက်အောင်တော့ လုပ်ပေးမယ် ဒါပေမယ့် နောက်ခါနောင်လာမယ့်ဟာတွေက သူတို့ဆက်လုပ်နိုင်လား မလုပ်နိုင်လားဆိုတာ အဲဒါတွေလည်းစောင့်ကြည့်ရမယ် အဲမျိုး။ သူတို့ရဲ့လူသားတွေအပေါ်မှာထားတဲ့ ကိုယ်ချင်းစာတရားတွေထားပြီးတော့ တိုးတက်အောင်လုပ်ချင်တဲ့ဟာတွေ အဲဟာတွေတွေ့ချင်တယ်။

ဦးဖိုးစိန် (ပရယ်စောခူကျေးရွာ)

ဦးဖိုးစိန် (ပရယ်စောခူကျေးရွာ)

ကိုယ့်ရဲ့ရပ်ရွာ ကိုယ့်ရဲ့ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက်တော့ ဖြစ်ခိုင်းစေချင်တာပေါ့။

spot_img
spot_img

Recent posts