spot_imgspot_imgspot_imgspot_img
Wednesday, July 16, 2025
spot_imgspot_imgspot_imgspot_img

မိုးတွင်းကာလမှာ တောင်ကျရေကို သောက်သုံးနေရတာကြောင့် ကျန်းမာရေးအတွက် စိုးရိမ်မှုရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတစ်နေရာမှာ စစ်ရှောင်တွေဟာ မသန့်ရှင်းတဲ့ တောင်ကျရေတွေကို သောက်သုံးနေရတဲ့အတွက် ကျန်းမာရေး အတွက် စိုးရိမ်ပူပန်နေကြပါတယ်။

မိုးတွင်း တောင်ကျချောင်းရေတွေကြောင့် ညစ်ညမ်းပြီး နောက်ကျိနေတဲ့ ရေအရင်းအမြစ်တွေကို သုံးစွဲနေတဲ့ စစ်ရှောင်တချို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနေတယ်လို့ စစ်‌ရှောင်စခန်း ကောင်မတီဝင်တစ်ဦးက ပြောပါတယ်။

“ဝမ်းလျှောဝမ်းပျက်တွေရှိတယ်။ ကလေးတွေလည်း အခု ရှိနေတယ် ဝမ်းလျှောတွေ ဝမ်းပျက်တွေ ဖျားတာ စိုးရိမ်ရတယ်။ နောက်ဆေးလည်း မရှိဘူးဆိုတော့ ဆေးခန်းလည်း သွားရတာ တစ်ခါတစ်လေ ဆေးခန်းလဲ အားနည်းချက်တွေ ရှိတာပေါ့နော်။ ဒါကစိုးရိမ်ရတာပေါ့နော်။ ရေရှည်ဆိုတော့ အဆင်မပြေနိုင်ဘူး။” လို့ စစ်ရှောင်စခန်းကော်မတီဝင် တစ်ဦးက ပြောပြပါတယ်။

စစ်ရှောင်တွေက နွေရာသီမှာ တူးဖော်ထားတဲ့ ရေတွင်းရှိနေပေမဲ့ တောင်ကျရေတွေကြောင့် သောက်သုံးရေအတွက် သုံးစွဲဖို့ အဆင်မပြေတော့သလို တချို့စစ်ရှောင်တွေဟာ မိုးရေတွေကို သိုလှောင်သုံးစွဲရတာတွေ ရှိနေပါတယ်။ မိုးရေကို သိုလှောင်ထားဖို့ ရေပုံးနဲ့ မိုးကာတွေမရှိတဲ့ စစ်ရှောင်တွေကတော့ မသန့်ရှင်းတဲ့ ရေတွေကိုသာ သုံးစွဲနေရတယ်လို့ ဆိုပါတယ်။

“ ရေကတော့ အများစုကတော့ နည်းနည်းခက်ခဲတယ်။ ခုနကပြောတဲ့ တောင်ကျရေကျတော့ ရေနှောက်နေတယ်။ ခပ်သုံးလို့မရဘူး။ အဲ့လိုဖြစ်နေတယ်။ ခုက တစ်ရက်နဲ့ မကြည်ဘူးရော နှစ်ရက် သုံးရက်နေမှ နည်းနည်း ကြည်လာတယ်။ ရေမသန့်ရှင်းဘူးပေါ့နော်။ နွေလဲရေရှားတယ်။ မိုးပြန်လဲ တောင်ကျရေပဲ။ အမြဲတမ်းရေနှောက်တယ် တွင်းတော့ တူးထားတယ်။ ဒါပေမယ့် ရေက တောင်ကျရေ တက်ဖုံးကုန်တယ်လေး အတတ်နိုင်ဆုံးတော့ ကာထားတာပေါ့။” လို့ စစ်ရှောင်စခန်းကော်မတီဝင်က ဆက်ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ အိမ်ခြေ ၅၄ အိမ်ရှိနေပြီး စုစုပေါင်း လူဦးရေ ၂၀၀ကျော် ရှိနေပါတယ်။ ရေရှည်အတွက် သန့်ရှင်းတဲ့ရေတွေကို သိုလှောင်သုံးစွဲနိုင်ဖို့ မိုးကာတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။

spot_img

Recent posts