spot_imgspot_imgspot_imgspot_img
Tuesday, May 20, 2025
spot_imgspot_imgspot_imgspot_img

မိုးဗြဲဆည်မြောင်းမှာ ငါးအစုအပြုံလိုက် သေဆုံး

ကန္တာရဝတီတိုင်း ( မ် )

ကန္တာရဝတီတိုင်း ( မ် ) မြေပြင်သတင်းထောက်ရဲ့ မေလ ၆ ရက်နေ့ ကွင်းဆင်းတွေ့ရှိချက်အရ မိုးဗြဲရေကာတာကနေ လယ်ကွင်းထဲကို သွင်းဖို့ လွှတ်လာတဲ့ ဆည်မြောင်းကနေ ငါး အများအပြားသေဆုံးတာကို မြင်တွေ့ခဲ့ရပါတယ်။

ငါးသေဆုံးပြီး ရေပေါ် ပေါလောပေါ်တာကို ယခုရက်ပိုင်းမှာ အများအပြား မြင်တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ငါး စတင် သေဆုံးတာတော့ တစ်ပတ်ကျော်ရှိနေပြီး (၄)မိုင်နီးပါးအရှည်ရှိတဲ့ ဆည်မြောင်း တစ်လျှောက် သေဆုံးနေတယ်လို့ ဆိုပါတယ်။

အခုလို ငါး အစုအပြုံလိုက် သေဆုံးမှုဖြစ်စဉ်ဟာ စစ်ကောင်စီတပ်က လေကြောင်းကနေ အဆိပ်ငွေ့ဗုံးကြဲချိန် ဆည်မြောင်းအတွင်း ကျရောက်တာကြောင့် နဲ့ စစ်ကောင်စီတပ်သားတွေက ရေထဲမှာ အဆိပ်ခတ်တာကြောင့် ငါးတွေသေဆုံးတာဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုကြပေမယ့် ကန္တာရဝတီတိုင်း ( မ် ) အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

ရေထဲက သေဆုံးတဲ့ငါးတွေ၊ မသေဆုံးသေးတဲ့ ငါးတွေကိုပါ ချောင်းအနီးအနားမှာ နေထိုင်ကြတဲ့ ဒေသခံ၊ စစ်ဘေးရှောင်တချို့ကတော့ စားဖို့မသင့်ဘူးလို့ ပြောကြပါတယ်။

အခုလို ငါးအစုအပြုံလိုက်သေဆုံးမှုဖြစ်စဉ်ဟာ စစ်ကောင်စီအာဏာသိမ်းမှုနောက်ပိုင်းမှသာ ပထမဆုံးအကြိမ် ကြုံတွေ့ရတယ်လို့ ဆိုပါတယ်။ ဒေသခံတွေကတော့ စိုက်ပျိုးရေးနဲ့ သောက်သုံးရေးအတွက် ဆည်မြောင်းရေကို အဓိက အားထား အသုံးပြုနေကြတာကြောင့် ကျန်းမာရေးထိခိုက်မှု ဖြစ်လာမှာကို စိုးရိမ်ပူပန်နေကြတယ်လို့ သိရပါတယ်။

ငါးသေဆုံးမှု အကြောင်းအရာနဲ့ပတ်သက်ပြီး မိုးဗြဲဒေသခံ တစ်ဦးကို မေးမြန်းတင်ဆက်ထားတဲ့ အင်တာဗျူး တင်ဆက်ထားပါတယ်။

spot_img
spot_img