spot_imgspot_imgspot_imgspot_img
Sunday, July 20, 2025
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့ကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့ကို ပြီးခဲ့တဲ့ ဇူလိုင်လ (၁) ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီက ပြန်လည် ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။

မိုးဗြဲမြို့ ရထားလမ်းအောက်ဘက် နဲ့ ပြည်ထောင်စု လမ်းမကြီး အားလုံးကို စစ်ကောင်စီတပ်ဘက်က ပြန်လည်ထိန်းချုပ်နိုင်ကြောင်းကို ရှေ့တန်းသတင်းရင်းမြစ် က အခုလို ပြောပါတယ်။

“မိုးဗြဲရထားလမ်းအောက်ဘက် ၊ပြည်ထောင်စု လမ်းမကြီး အားလုံး ရန်သူဘက်က ပြန်ရထားပါတယ်” လို့ အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။

မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ မှာကတည်းက အပြင်းအထန် ထိုးစစ်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ မြေပြင်စစ်ကြောင်းအပြင် လေကြောင်း၊ လက်နက်ကြီး ၊ ဒရုန်းတွေ အသုံးပြုပြီး မီးလောင်ဗုံး၊ အဆိပ်ငွေဗုံးတွေ အသုံးပြုနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောကြပါတယ်။

မိုးဗြဲမြို့ကို စစ်ကောင်စီ ပြန်လည် ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်တာကြောင့် ဒေသခံတွေက သူတို့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ပိုမို မြင့်မားလာကြပါတယ်။

“လယ်စိုက်ထားတာတွေ က စားရမလားတော့ မသိဘူး။ စစ်ကြောင်းလည်း နီးကပ်လာပြီ။ လမ်းလည်း ပိတ်တော့မယ်။ မိုးဗြဲကို လည်း စစ်ကောင်စီဘက် ရသွားပြီဆိုတော့ ဆောင်ကန်းထိ ထပ်ရရင်တော့ ကျနော်တို့ လမ်းပိတ်ပြီ” လို့ ဖယ်ခုံ အရှေ့ဘက်ကမ်းက ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၃၀) ရက်နေ့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ဒေသခံ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတာကြောင့် မိုးဗြဲမြို့လမ်းမကြီးကို အသွားအလာ မပြုလုပ်ကြဖို့ကို ရှမ်းတောင် ကရင်နီတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။ အဲ့ဒီနောက် ဇူလိုင်လ (၁) ရက်နေ့ ညနေပိုင်းမှာ တော်လှန်ရေး တပ်ဘက်က ပြန်လည် ဆုတ်ခွာပေးခဲ့ရပြီး စစ်ကောင်စီဘက်က မိုးဗြဲမြို့ကို ပြန်လည် ထိန်းချုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

spot_img

Recent posts