ကန္တာရဝတီတိုင်း(မ်)
ရှမ်း၊ ကယားနယ်စပ် ဖယ်ခုံမြို့နယ်ထဲမှာရှိတဲ့ မိုးဗြဲမြို့ပေါ်မှာ ဒီနေ့မနက် ၉ နာရီဝန်းကျင်လောက်က စပြီး မိုးဗြဲ PDF အဖွဲ့ နဲ့ စစ်ကောင်စီတပ်တို့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်နေတယ်လို့ မိုးဗြဲမြို့ခံတစ်ဦးက ပြောပါတယ်။
” သူတို့ ဒီမနက် ၉ နာရီမှာ စပစ်တယ်။ နှစ်ဖက်စလုံးပစ်နေကြတာပဲကောခု။ ခုထိပစ်နေတုန်းပဲ။ ရဲစခန်းအရှေ့မှာပေါ့နော်။ ရဲမစခန်းဖက်မှာ ပစ်နေတယ်။ ”စစ်ကောင်စီတပ်ဖက် လက်နက်ကြီးနေနဲ့ ပစ်ခတ်နေတဲ့အတွက် နေအိမ်တွေပေါ် ကျရောက်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
မိုးဗြဲမြို့ခံပြည်သူတွေက ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။
မနေ့ညကလည်း မိုးဗြဲမြို့အနီးဝန်းကျင်မှာ ပေါက်ကွဲသံတွေ အဆက်မပြတ်ကြားခဲ့ရပြီး ဒီနေ့မနက်မှာတော့ တိုက်ပွဲစတင်ဖြစ်ပွားတာလို့ သိရပါတယ်။