spot_imgspot_imgspot_imgspot_img
Wednesday, June 18, 2025
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့မှာ စစ်ကောင်စီ၊ PNO ပြည်သူ့စစ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲ ရက်ဆက်ဖြစ်ပွားနေ

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့အတူ စစ်ကြောင်းထိုးလာတဲ့ ပအိုးဝ်ပြည်သူ့စစ် PNO နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲရက်ဆက် ဖြစ်ပွားနေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ပြောပါတယ်။

“မိုးဗြဲမှာကတော့ တိုက်ပွဲက နေ့တိုင်းဖြစ်နေတယ်။ စစ်ကောင်စီက အင်အားအများအပြားသုံးတယ်ပေါ့နော။ အင်အားခန့်မှန်းခြေက ၅၀၀ ဝန်းကျင်လောက်မှာ ရှိတယ်။ နောက်ပြီးတော့မှ လက်နက်ကြီးတွေ ဒရုန်းတွေ တိုက်ခိုက်တာတွေတော့ နေ့စဥ်နဲ့အမျှလုပ်ဆောင်နေတယ်။” လို့ KNDFသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ PNO တို့ပူးပေါင်းပြီး မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်ကနေ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ အင်အား ၃၀၀ ဝန်းကျင်နဲ့ မိုးဗြဲမြို့ကို စစ်ကြောင်းထိုးခဲ့တာပါ။ ဧပြီလ ၂၈ ရက်နေ့မှာလည်း အင်အား ၁၀၀ ဝန်းကျင်နဲ့ မိုးဗြဲမြို့ကို ထပ်မံစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။

အဆိုပါစစ်ကြောင်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ခုခံတိုက်ခိုက်နေတာဖြစ်ပြီး အခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်နေသလို နှစ်ဖက်အထိခိုက် ကျဆုံးမှုတွေလည်းရှိနေတယ်လို့‌ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဒေသတွေကိုလည်း လက်နက်ကြီးပစ်ခတ်မှုတွေ ပြုလုပ်လေ့ရှိတာကြောင့် ဒေသခံတွေရဲ့ နေအိမ်၊ လယ်ယာ တွေ ပျက်စီးမှုလည်း ရှိနေပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတဲ့ ၁ လေးလုံးစစ်ဆင်ရေးကြောင့် မိုးဗြဲမြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ထိန်းချုပ်နိုင်ခဲ့တာပါ။ အဲဒီနောက် မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းယူဖို့ကြိုးစားခဲ့ပေမဲ့ မရရှိခဲ့ပါဘူး။

ယခုတစ်ဖန် စစ်ကောင်စီရဲ့ ထိုးစစ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်နေရပြီး ကင်းစခန်းငယ်တွေ လက်လွှတ်လိုက်ရတာတွေလည်း ရှိနေတယ်လို့ မိုးဗြဲအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရှိရပါတယ်။

မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်က အဆိပ်ငွေဗုံးတွေနဲ့ အသုံးပြုတိုက်ခိုက်နေတယ်လို့လဲ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရှိရပါတယ်။

spot_img
spot_img

Recent posts