spot_imgspot_imgspot_imgspot_img
Wednesday, June 18, 2025
spot_imgspot_imgspot_imgspot_img

မိုးဗြဲလမ်းမကြီးကို အသုံးပြုသွားလာခြင်းမပြုလုပ်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေ အသိပေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီ နယ်စပ်က မိုးဗြဲမြို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစု နှစ်ဖက် တိုက်ပွဲတွေပြင်းထန်နေပြီး ပြည်သူလူထုတွေအနေနဲ့ မိုးဗြဲ လမ်းမကြီးကို အသုံးပြုသွားလာခြင်း မပြုလုပ်ဖို့

ဒီရက်ပိုင်းတွေမှာ မြေပြင် တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထုတ်ပြန်ကြပါတယ်။

ယမန်နေ့ ဇွန်လ ၈ ရက်နေ့မှာတော့ မိုးဗြဲ PDF က အခုလိုအသိပေးပြောဆိုလာပါတယ်။

“ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ စစ်ကောင်စီ နဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး မိုးဗြဲမြို့အတွင်းပြည်သူလူထုများ ဖြတ်သန်းသွားလာခြင်း လုံးဝ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။” လို့ မိုးဗြဲ PDF ကအသိပေးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲ မြို့ကို ပြန်လည် ရရှိနိုင်ဖို့ စစ်ကောင်စီ အင်အားစုတွေဟာ နည်းမျိုးစုံနဲ့ နေ့စဥ် တိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိနေပြီး အရပ်သားတွေကို ဦးတည် တိုက်ခိုက်မှုတွေအပြင် လူထုနေအိမ်တွေကိုလည်း တမင် မီးရှို့ဖျက်စီးမှုတွေ မကြာခဏလုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့မှာ လက်နက်ကြီးကြောင့် မိုးဗြဲမြို့ပေါ်က လူထုနေအိမ် မီးလောင်ပျက်စီးခဲ့ရသလို မေလ ၂၉ ရက်နေ့မှာလည်း လက်နက်ကြီးကြောင့်ပဲ အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့ရပါတယ်။

ဒ့ါအပြင် ပြီးခဲ့တဲ့ ဇွန်လ (၆) ရက်နေ့ မနက်ပိုင်းမှာလည်း ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံအရှေ့ဘက်ကမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေပစ်ခတ်မှုတွေကြောင့် အသက် (၁၉) နှစ်အရွယ် ကျောင်းသားတစ်ဦး အသက်ဆုံးရှုံးသွားခဲ့ရတာရှိပါတယ်။

မိုးဗြဲမြို့အပြင် မိုးဗြဲ အနီးနားက ကျေးရွာတွေကို ပါ အခုလို မကြာမဏ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဖယ်ခုံအင်းအရှေ့ကမ်းမှာရှိတဲ့ ဒေသခံပြည်သူတွေအပြင် စစ်ရှောင်ပြည်သူတွေအနေနဲ့ မိုးဗြဲလမ်းမကြီးကို ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ အသိပေးချင်တယ်လို့ ဖယ်ခုံ PDF (၁၀၀၆) တပ်ရင်း ဆီကနေ သိရပါတယ်

spot_img
spot_img

Recent posts