spot_imgspot_imgspot_imgspot_img
Monday, May 19, 2025
spot_imgspot_imgspot_imgspot_img

မိုးများတာကြောင့် ပွန်ချောင်း စစ်ဘေးရှောင်တွေရဲ့ နှမ်းခင်းတွေ ရိတ်သိမ်းနေစဉ်မှာပဲ ပုပ်ပွ ပျက်စီးနေဟုဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ပွန်ချောင်း ဘေးတစ်လျှောက်မှာရှိတဲ့ စစ်ဘေးရှောင်တွေရဲ့ နှမ်းခင်းတွေဟာ မိုးများတာကြောင့် ရိတ်သိမ်းနေစဉ်မှာပဲ ပုပ်ပွ ပျက်စီးတာတွေရှိနေတယ်လို့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“မိုးရွာတော့လည်း ဒီလိုဖြစ်တယ်၊ မိုးမရွာတော့လည်း ပွန်ချောင်းက အရမ်းပူနေတယ်၊ ဒီတစ်ပတ်တော့ မိုးနည်းနည်းများသေးတယ်၊ ခုတ်တဲ့ချိန် မိုးထိထားတော့ အပင်ပေါ်ကပါ ပုတ်ပွနေတာ၊ ပျက်စီးနေတယ်လေး။”လို့ စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက ဆိုပါတယ်။

စစ်ဘေးရှောင်တွေက စားဝတ်နေရေးအတွက် နှမ်းကို အဓိကထားစိုက်ပျိုးနေကြတာပါ။ ပွန်ချောင်းအနီးမှာ စစ်ဘေးရှောင်စခန်း အမှတ်(၁) ကနေ အမှတ် (၇) အထိ ရှိပြီး လူဦးရေ များပြားနေတာကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှု တချို့လည်း ရှိနေတယ်လို့လည်း သိရပါတယ်။

“အဓိက အားထားရတဲ့ သီးနှံက နှမ်းပေါ့။ မြေပဲ စိုက်ရင် အပင်ပဲသန်တယ်၊ မြေပဲ မဥဘူး ဖြစ်နေတယ်၊ ဒီမှာက အဓိက နှမ်း၊ ပြီးရင် နည်းနည်းဖြစ်တာက ပြောင်းကောက်ပဲရှိမယ်၊ အဲ့ဒါလောက်ပါပဲ။” လို့ စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက ပြောပြပါတယ်။

စိုက်ပျိုးထားတဲ့ နှမ်းတွေကို ရောင်း မထွက်သေးချိန်မှာ စားသောက်ရေးအတွက် ချေးငှားစားနေရတယ်လို့ စစ်ဘေးရှောင်တွေက ပြောဆိုပါတယ်။ အခုလို နှမ်းပျက်စီးနေတာကြောင့်လည်း တောင်ယာငှားခ၊ နှမ်းခုတ် အလုပ်သမားခ စတဲ့ ရင်းနှီးငွေ ပြန်မရမှာကို စစ်ရှောင်တွေက စိုးရိမ်နေကြပါတယ်။

လက်ရှိ နှမ်း စျေးနှုန်းကိုတော့ အတိအကျ မသိရသေးပေမယ့် နှမ်းခုတ်တဲ့ လုပ်အားခ တစ်ရက်ကို ၁၃၀၀၀ ကျပ် အထိ ပေးရတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts