spot_imgspot_imgspot_imgspot_img
Thursday, July 17, 2025
spot_imgspot_imgspot_imgspot_img

မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ပြိုပျက်သွားတဲ့လမ်းမကြီးကို ကိုယ်ထူကိုယ်ထပြုပြင်နေပြီး အကူအညီလိုအပ်နေ

Author

Date

Category

CJ/ ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်း၊ ဒေလကြိုကျေးရွာအုပ်စုအတွင်းမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က မိုးသည်းထန်စွာ ရွာသွန်းကာ မြေပြိုသွားပြီး အဓိကအသုံးပြုနေတဲ့ လမ်းမကြီး ပျက်စီးသွားတာကြောင့် ကျေးရွာခံတွေနဲ့ စစ်ရှောင်တွေ ကိုယ်ထူကိုယ်ထ ပြန်လည်ပြုပြင်နေကြပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

အဆိုပါ လမ်းမကြီးဟာ ဖရူဆိုအနောက်ခြမ်း ဒေလကြိုကျေးရွာအုပ်စုအတွင်းကနေ ဒီးမော့ဆိုကို ချိတ်ဆက်သွားလာရတဲ့ အဓိက လမ်းမကြီးဖြစ်ပြီး ကျန်းမာရေး၊ ကုန်သွယ်ရေးအပြင် အဖက်အဖက်မှ အသုံးပြုရတဲ့ လမ်းမကြီးဖြစ်တာကြောင့် အခုလို ပွင့်လင်းတဲ့ကာလမှာ ပြုပြင်သွားဖို့လိုအပ်တာဖြစ်ပြီး ငွေကြေးအခက်အခဲရှိနေတယ်လို့ ဒေလကြို ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“မရှိပါဘူး။ ဘာလို့လဲဆို ဒီလမ်းပဲ အသုံးပြုနေကြတာလဲကြာပြီဆိုတော့လေ။ ဒေသခံတွေအတွက်ကတော့ ကုန်ပစွည်းတွေ သွားသယ်တာတို့ပေါ့။ ဆေးရုံဆေးခန်းသွားတာလဲ အရေးကြီးပါတယ်ပေါ့နော်။ ဘယ်လိုအခက်ခဲရှိလဲဆိုတော့ တခါတလေအပြင်းထန်ဖျားနာတာတွေ အခက်ခဲပိုဖြစ်တယ်ပေါ့နော်။ မြေပြိုမှုတွေဖြစ်တော့ သွားလာရခက်ခဲတယ်။ ပြီးတော့တချို့ လူနာတွေ အသက်ရှုံးဆုံးသွားတာတွေ ရှိလာတာတွေနဲ့။ အဓိက ငွေရေးကြေးရေးဘဲပေါ့။ ဆေးရုံ ဆေးခန်းတွေကလဲ အဲ့ဘက်(ဒီးမော့ဆို)မှာပဲရှိတယ်ဆိုတော့လေ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်လူထုတွေ ကိုယ်ထူကိုယ်ထ ပြုပြင်နေကြတယ်လို့ ဆိုပါတယ်။ လမ်းပြုပြင်ရာမှာ ပိုမိုပျက်စီးသွားတဲ့အပိုင်းကိုသာ ဦးစားပေးပြုပြင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

“ဒီလမ်းကို ပြုပြင်တဲ့အခါမှာ အဓိက အခက်အခဲကတော့ ငွေရေးကြေးရေးပေါ့။ ဘာလို့လဲဆိုတော့ လိုအပ်တဲ့ ပစ္စည်းတွေက စက်ငှားခ ပေးချေရမှာ။ ငွေနဲ့ ပေးချေရတာရှိတော့ ငွေမရှိတော့ ပိုပြီး အခက်အခဲဖြစ်တယ်” လို့ စစ်ရှောင်ကော်မတီဝင် တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ အဆိုပါလမ်းမကြီးကို အလှူရှင်တွေရဲ့ အကူအညီတချို့နဲ့ ပြုပြင်နေကြပြီး ဆက်လက်ပြုပြင်သွားဖို့ လိုအပ်တာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေလကြိုအုပ်စုရဲ့ တာဝန်ရှိသူက ပြောပါတယ်။

spot_img

Recent posts