spot_imgspot_imgspot_imgspot_img
Saturday, December 14, 2024
spot_imgspot_imgspot_imgspot_img

မီတာခ လာရောက်ပေးဆောင်ကြသူများ Mask တပ်ပေးဖို့ လျှပ်စစ်အင်ဂျင်နီယာပြော

Author

Date

Category

အန်ထောနီ

ကယားပြည်နယ်အတွင်း Covid-19 ကာကွယ်ဖို့အတွက် လျှပ်စစ်ဓါတ်အားသုံးစွဲသူတွေအနေနဲ့ မီတာခပေးလာရောက်ပေးဆောင်ရာမှာ ထုတ်ပြန်ထားတဲ့ မေတ္တာရပ်ခံချက်တွေကို လိုက်နာပေးကြဖို့ လွှိုင်ကော်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ လက်ထောက်အင်ဂျင်နီယာ ဦးသန်းကုဋေကပြောပါတယ်။

အများပြည်သူကနေပြီး ထုတ် ပြန်ထားတဲ့ မေတ္တာရပ်ခံချက်တွေကို လိုက်နာပေမဲ့ အားနည်းချက်ရှိနေသေးတယ်လို့ ဆိုပါတယ်။

“နံပတ် ၃ တစ်ချက်ကတော့ မီတာခလာရောက်ပေးဆောင်သူများ Mask တပ်ဆင်ခြင်းအားဖြင့် အကူအညီပေးပါဆိုတာကိုလည်း ကျနော်တို့ မေတ္တာရပ်ခံထားပါတယ်။ လက်ရှိ ဒီနေ့မှာ ပြန်ပြီးစလက်ခံတယ် တွေ့ရှိရတဲ့အနေအထားကတော့ အားနည်းချက်တစ်ခုကတော့ အဲ့ဒီဟာပေါ့ တော်တော်များများကတော့ Mask တပ်ဆင်လာသော်လည်းပဲ တစ်ချို့ကတော့ Mask တပ်လာတာမရှိဘူးပေ့ါ။ ကျနော်တို့အနေနဲ့ကလည်း မတပ်လာတဲ့လူတွေကို တပ်ပေးနိုင်တဲ့အနေအထားမျိုး မရှိသေးတဲ့အတွက်ကြောင့်မို့ အဲ့ဒီမေတ္တာရပ်ခံချက်ကတော့ အားနည်းတာကို တွေ့မြင်ရတာပေါ့နော်” လို့ပြောခဲ့ပါတယ်။

မီတာခလာဆောင်တဲ့ ပြည်သူတွေအတွက် ခိုနားစရာ အမိုးတွေလည်း စီစဉ်ပေးတယ်လို့ဆိုပါတယ်။ လျှပ်စစ်မီတာခအသုံးပြုတဲ့ မီတာခပေးဆောင်ရာမှာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက လိုက်နာရမည့်အချက်တွေထုတ်ပြန်ထားချက်အပြင် ရပ်ကွက်အလိုက် သတ်မှတ်ပြီး ပေးဆောင်စေလိုတယ်လို့ မီတာခ လာဆောင်ကြတဲ့ဒေသခံတွေက အကြံပြုပြောဆိုနေကြပါတယ်။

ဧပြီလ ၁၈ ရက်နေ့မှာ လွိုင်ကော်မြို့နယ် လျှပ်စစ်ရုံးမှာ မီတာခလာရောက်ပေးဆောင်ခဲ့တဲ့ နာနတ်တောရပ်ကွက်နေ ဦးကိုရယ်က “မေတ္တာရပ်ခံချက်တွေကို ဖတ်တဲ့အချိန်မှာ မကြိုက်တဲ့အချက်တွေမရှိပါဘူး လိုက်နာနိုင်တယ်။ ကျနော်ထပ်ထည့်ချင်တဲ့အချက်က ဒီလိုမီတာခ လာဆောင်တဲ့နေရာမှာ ခွဲတမ်းနဲ့ပေါ့ တစ်ရပ်ကွက်တစ်ရပ်ကွက်အဲ့လိုပေါ့ မဟုတ်ရင် ကြပ်သိပ်မယ်ဆိုရင် နေရခက်မယ်လေး အဲ့တစ်ချက်တော့ရှိတယ်။ ၃ ရပ်ကွက်ဆို ၃ ရပ်ကွက်အပြတ်ချ မဟုတ်ရင် ၅ခု အဲ့လိုမျိုးတစ်ခါတည်းကို အကုန်လာဆောင် အဲ့လိုမျိုးလုပ်ပေးရင်ကောင်းတယ်လေး သို့မဟုတ်ရင် တစ်အားကြန့်ကြာတယ်လေ ဘာဖြစ်လို့လဲဆိုတော့ စောင့်နေရတဲ့လူလည်း နေပူထဲမှာ နေရတဲ့လူတွေနဲ့ လူတွေက ပြွတ်သိပ်နေတယ်လေ” လို့သူ့ရဲ့အကြံပြုပြောဆိုသွားပါတယ်။

လက်ရှိလျှပ်စစ်အင်ဂျင်နီယာရုံး ငွေကောက်ကောင်တာများတွင် မီတာခလာဆောင်သော မိဘပြည်သူများ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် လက်ဆေးရေများ၊ ဆပ်ပြာများ၊ အပူချိန်တိုင်းတာခြင်းများပြုလုပ်နေတယ်လို့သိရပါတယ်။

ယခုလိုအချိန်မှာ မီတာခကောက်ခံရာမှာ မီတာလာမဖတ်ပဲ ခန့်မှန်းပြီးကောက်ခံသွားတယ်ဆိုတဲ့ လျှပ်မီးသုံးစွဲသူများ အထင်အမြင်ကွဲပြားမှုတွေလည်းရှိနေပါတယ်။ မီတာလာမဖတ်ပဲ မီတာစာရွက်လာပေးခြင်းအပေါ် တိကျမှန်ကန်ဖို့မျော်လင့်တယ်လို့ လွယ်တမူ ကျေးရွာမှာနေထိုင်တဲ့ မအာဆွန်းတာက ပြောပါတယ်။

မအာဆွန်းတာက “မီတာရုံးကနေပြီးတော့ မီတာလာမဖတ်ပဲနဲ့ မီတာစာရွက်ကို အိမ်မှာလာပေးတယ် အဲ့လိုပဲလုပ်တယ် ရုံးကနေပဲဖတ်တာထင်တယ်။ သူတို့က တိကျမယ်လို့တော့ထင်ပါတယ် ဒါပေမဲ့ တစ်လနဲ့တစ်လမတူတော့လေ တိတိကျကျလုပ်ဖို့ပဲမျှော်လင့်ပါတယ်။” လို့ပြောပါတယ်။

ထိုအကြောင်းအရာကို လာရောက်စုံစမ်းတဲ့ မိဘပြည်သူများကိုလည်း သက်ဆိုင်ရာက နားလည်အောင်ရှင်းပြပေးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိကမ္ဘာအနှံပျံ့နှံ့နေသော covid-19 ကိုကြိုတင်ကာကွယ်နိုင်ဖို့တွက် မီတာရုံးသို့ မီတာခဆောင်သူတွေအနေနဲ့ ဗိုင်းရပ်ပိုးကာကွယ်ရေးလုပ်ငန်းတွေ အချက် ၇ ချက်ကို ဆောင်ရွက်ကြဖို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကနေပြီး ဧပြီလ ၁၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မီတာခပေးဆောင်ဖို့အတွက် ဧပြီလ ၁၈ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ငွေလက်ခံကောင်တာဖွင့်လှစ်ထားခြင်း၊ ကျသင့်ငွေကို တိကျစွာယူဆောင်လာခြင်းဖြင့် ပြန်အမ်းငွေစောင့်ဆိုင်းစရာမလိုအပ်နိုင် သလိုလူစုလူဝေးလည်းမဖြစ်နိုင်ခြင်း၊ မီတာခလာရောက်ပေးဆောင်သူတွေအနေနဲ့ Mask တပ်ဆင်ပေးခြင်း၊ လက်ဆေးခြင်းဖြင့်ကူညီခြင်း၊ ငွေပေးသွင်းရာတွင် ၃ ပေအကွာသတ်မှတ်နေရာတွင် နေရာယူပေးခြင်း၊ ငွေမပေးသွင်းမှီလက်ဆေးပေးခြင်း၊ မိမိအိမ်နီးနားချင်း အချင်းချင်း မီတာခ ပူးပေါင်းယူဆောင်ပေးရန်နှင့် Free Unit (၁၅၀) သည် ဧပြီလအတွက်သာ ခံစားခွင့်ရရှိမည်ဆိုပြီးတော့ ပြည်သူတွေကို အသိပေးထုတ်ပြန်ထားပါတယ်။

spot_img
spot_img
spot_img

Recent posts