spot_imgspot_imgspot_imgspot_img
Saturday, December 14, 2024
spot_imgspot_imgspot_imgspot_img

မဲပေးခွင့် မဆုံးရှုံးရလေအောင် မဲစာရင်းကြည့်ကြစို့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)


မြန်မာနိုင်ငံမှာ ၅နှစ်တစ်ကြိမ် ကျင်းပပြုလုပ်လေ့ရှိတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို လာမယ့် ၂၀၂၀ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ၅ နှစ်မှတစ်ကြိမ်သာရတဲ့ အစိုးရသစ်ရွေးချယ်မဲပေးနိုင်ခွင့်ကို မဆုံးရှူံးရလေအောင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ မဲစာရင်းတွေကို ကိုယ်တိုင်ကိုယ်ကျသွားရောက် ကြည့်ရှုစစ်ဆေးဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်က မဲစာရင်းတွေကို (ဇူလိုင်လ ၂၅ရက်မှ သြဂုတ်လ ၇ ရက်နေ့ထိ) ပထမအကြိမ်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

အဆင့်(၁) အနေနဲ့ မဲဆန္ဒရှင်စာရင်းကပ်ထားတဲ့အခါ မိမိနာမည်ပါမပါ ရပ်ကွက် /ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ သွားရောက်စစ်ဆေးကြည့်ပါ။ ရွေး/ကော်အဖွဲ့ခွဲမှ မဲစာရင်းနောက်ထပ် ကပ်ထားကြော်ငြာမယ့်ရက်ကို စုံစမ်းပါ။

အဆင့်(၂)အနေနဲ့ မဲဆန္ဒရှင်စာရင်းမှာ မိမိနာမည်အပြည့်အစုံပါရှိပြီဆိုရင် ၂၀၂၀ပြည်နှစ် ရွေးကောက်ပွဲအတွက် မဲပေးနိုင်ဖို့ အသင့်ဖြစ်နေပါပြီ။ သို့ပေမယ့် အကယ်၍ မဲစာရင်းမှာ တစ်စုံတစ်ခုပြင်ဆင်/ဖြည့်စွက်/ပယ်ဖျက်ဖို့ လိုအပ်ရင် ချက်ချင်းပြင်ဆင်ဖို့လိုပါတယ်။

အဆင့်(၃) ပြင်ဆင်/ဖြည်စွက်တဲ့နေရာမှာ သတ်မှတ်ထားတဲ့ပုံစံတွေနဲ့ပဲ လျှောက်ထားနိုင်တယ်ဆိုတာကို သတိထားရပါတယ်။

မဲစာရင်းမှာ မိမိနာမည်မပါပါက ပုံစံ(၃)
ကိုယ်ရေးအချက်အလက်မှားယွင်းပါက ပုံစံ(၄)
မဲစာရင်းမှာ မပါဝင်သင့်သူက ပါဝင်နေမယ်ဆိုရင် ပုံစံ(၄)နဲ့ ကန့်ကွက်လို့ရပါတယ်။

မဲစာရင်းကြေငြာပြီး (၁၄)ရက်အတွင်းမှာ လိုအပ်တဲ့ပုံစံတွေကို ရပ်ကွက်/ကျေးရွာအုပ်စု ရွေး/ကော်အဖွဲ့ခွဲရုံးကို သွားရောက်လျှောက်ထားရပါမယ်။

မဲစာရင်းပြင်ဆင်ဖြည့်စွက်တဲ့နေရာမှာ လိုအပ်တာက နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ ရပ်ကွက်မှာနေထိုင်ကြောင်း ထောက်ခံစာနဲ့ အခြားအထောက်အထားတွေကို လိုအပ်သလိုယူဆောင်သွားပြီး ပူးတွဲတင်ပြရမှာဖြစ်ပါတယ်။ လျှောက်လွှာတွေကို (အခမဲ့) တောင်းယူပါ။

မိမိမဲစာရင်းရှိတဲ့နေရာကနေ အဝေးကိုရောက်နေတဲ့ ပြည်သူများအနေဖြင့် ရက်ပေါင်း(၉၀)ထက် နေထိုင်ခဲ့ပြီး မိမိရောက်ရှိနေတဲ့ မဲဆန္ဒနယ်မှာပဲ မဲပေးချင်ရင်တော့ ပုံစံ(၃-က)နဲ့ လျှောက်ထားလို့ရပါတယ်။

သတိထားရမှာက ရွေးကောက်ပွဲမတိုင်ခင် ရက်ပေါင်း(၃၀)ထက် ပိုမနောက်ကျရ။

အဆင့်(၄) မိမိလျှောက်ထားခဲ့တဲ့ ပုံစံတွေနဲ့ ပတ်သက်ပြီး ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရဲ့ ဆုံးဖြတ်ချက်ကို တင်သွင်းတဲ့နေ့ကနေ(၇)ရက်အတွင်း ပြန်လည်စုံစမ်းရန် လိုပါတယ်။

အဆင့်(၅) ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိရင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံကို အယူခံလွှာကို အကြောင်းကြားစာလက်ခံရရှိတဲ့နေ့ကနေ (၃)ရက်အတွင်း လျှောက်ထားရပါမယ်။ မြို့နယ်ကော်မရှင်အဖွဲ့ခွဲက အမြန်ဆုံးဖြတ်ချက်ချမှတ် ဆောင်ရွက်ပေးပါလိမ့်မယ်။

သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၉(ဆ)အရ ရွေးကောက်ပွဲတစ်ခုခုမှာ မိမိဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ လွှတ်တော်မဲဆန္ဒနယ်အတွက် တစ်ကြိမ်ထက်ပိုတဲ့ ဆန္ဒမဲပေးခြင်းကို မလုပ်ရပါ။ အကယ်၍ ပြုလုပ်ခဲ့မယ်ဆိုရင် ၁နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်ဖြစ်၊ ကျပ်တစ်သိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ကျခံနိုင်ပါတယ်။

၂၀၁၅ခုနှစ် ရွေးကောက်ပွဲမှာ မဲပေးနိုင်တဲ့ လူဦးရေစုစုပေါင်းရဲ့ ၇၀%နီးပါး ဆန္ဒမဲပေးခဲ့ကြပါတယ်။ ၂၀၂၀အထွေထွေရွေးကောက်ပွဲကြီးမှာ အသက်(၁၈)နှစ်ပြည့်ပြီးနဲ့ အထက်ရှိသူ၊ ပထမဆုံးအကြိမ်မဲပေးမယ့်သူ ၅ သန်းခန့် ရှိမှာဖြစ်ပါတယ်။

ပထမအကြိမ်ထုတ်ပြန်ချက်မှာ မဲစာရင်းများစွာမှားယွင်းနေတာကို တွေ့ရပါတယ်။
ဒုတိယအကြိမ်မဲစာရင်းကို (အောက်တိုဘာလ ၁၄ ရက်မှာ) ပြန်လည်ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

မဲစာရင်းမှာ သင့်နာမည်ပါရှိမှ ဆန္ဒမဲပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် မဲပေးပိုင်ခွင့်မဆုံးရှုံးရလေအောင် မဲစာရင်းကပ်ထားကြေငြာချိန်မှာ သင့်နာမည်ပါ/မပါစစ်ဆေးပေးပါ။ အကယ်၍ သင်ဟာပြည်ပရောက်ရှိနေပါက အွန်လိုင်းကတစ်ဆင့် စစ်ဆေးနိုင်ပါတယ်။ မျက်ခြေမပြတ်စောင့်ကြည့်ဖို့ လိုပါမယ်။

spot_img
spot_img
spot_img

Recent posts