spot_imgspot_imgspot_imgspot_img
Tuesday, May 20, 2025
spot_imgspot_imgspot_imgspot_img

မြန်မာနိုင်ငံတစ်ဝှမ်းမှာ တစ်လအတွင်း တပ်ဖွဲ့အသီးသီးထံ ဘက်ပြောင်းလာတဲ့ စစ်ကောင်စီတပ်သား ၇၃ ဦးရှိ၊ ကရင်နီပြည်က ၈ ဦးပါဝင်

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

မြန်မာနိုင်ငံတစ်ဝှမ်းမှာ ပြီးခဲ့တဲ့ ဧပြီလ တစ်လအတွင်း တော်လှန်ရေးတပ်ဖွဲ့အသီးသီးထံ ဘက်ပြောင်းခိုလှုံလာသူ စစ်ကောင်စီတပ်သား ၇၃ ဦးရှိပြီး ကရင်နီပြည်က တော်လှန်ရေးတပ်ဖွဲ့ထံကိုတော့ ဘက်ပြောင်းလာသူ ၈ ဦး ရှိတယ်လို့ ဒီကနေ့ မေလ ၉ ရက်နေ့မှာ ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဘက်ပြောင်းခိုလှုံလာသူ ၇၃ ဦးမှာ စစ်သား ၆၅ ဦး၊ ရဲ ၄ ဦးနဲ့ ပြည်သူ့စစ် ၄ ဦးတို့ ဖြစ်ပါတယ်။

အဆိုပါ ဘက်ပြောင်းလာသူ စစ်သား ၆၅ ဦး ဟာ ပဲခူးတိုင်းမှာ (၂) ဦး၊ ကရင်ပြည်နယ်မှာ (၁၃) ဦး၊ ၊ ချင်းပြည်နယ်မှာ (၆) ဦး၊ မကွေးတိုင်းမှာ (၈) ဦး၊ မွန်ပြည်နယ်မှာ (၂) ဦး၊ စစ်ကိုင်းတိုင်းမှာ (၁၁) ဦး၊ တနင်္သာရီတိုင်းမှာ (၈) ဦး၊ ရှမ်းပြည်နယ်မှာ (၆) ဦး၊ ရန်ကုန်တိုင်းမှာ (၁) ဦး နဲ့ ကရင်နီပြည်မှာ (၈)ဦး ဝင်ရောက်ခိုလှုံခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလင်းဝင်လာခဲ့သူ စစ်သား ၆၅ ဦးအနက် ၃၅ ဦးက စစ်မှုထမ်းတပ်သားသစ်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရဲ ၄ ဦးမှာ‌တော့ မန္တလေးတိုင်းမှာ (၁) ဦး၊ ချင်းပြည်နယ်မှာ (၁) ဦး၊ စစ်ကိုင်းတိုင်းမှာ (၂) ဦး နဲ့ ပြည်သူ့စစ် ၄ ဦးကတော့ ရှမ်းပြည်နယ် မှာ (၁) ဦးနဲ့ ၊ ချင်းပြည်နယ်မှာ (၃) ဦး တို့ ဖြစ်ပါတယ်။

ဘက်ပြောင်းခိုလှုံသူထဲက ကရင်နီပြည်မှာ ခိုလှုံလာသူ ၈ဦးဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့က DMO Local PDF ထံ လက်နက်နဲ့တကွ ဘက်ပြောင်းခိုလှုံလာတဲ့ ၆ ဦး၊
ဧပြီလ ၂၀ ရက်နေ့မှာ KNDF ထံ လက်နက်နဲ့ ခိုလှုံလာတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သား ၂ဦး ဖြစ်ကြောင်း ကန္တာရဝတီတိုင်း(မ်) က သိရှိရပါတယ်။

တပ်ဖွဲ့အသီးသီးထံ ဘက်ပြောင်းလာသူ စစ်ကောင်စီတပ်သားဟာ လက်ရှိ စာရင်းထက် ပိုများနိုင်တယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ ဧပြီလအထိ စစ်ကောင်စီဘက်က အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း တပ်သား စုစုပေါင်း (၁၀၄၁) ဦး ရှိတယ်လို့လည်း ပြည်သူ့ပန်းတိုင်အဖွဲ့ ရဲ့ ထုတ်ပြန်ချက်စာရင်းအရ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts