မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာ(၆)ဦး ထပ်တိုး၊ ၄ ဦး ဆေးရုံဆင်း

ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံတစ်ဝန်းတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာ(၆)ဦး ထပ်တိုးလာပြီး ရောဂါမှ ပြန်လည် သက်သာလာကာ ရောဂါပိုး ကင်းစင်ကြောင်း အတည်ပြုခဲ့သည့် လူနာ ၄ ဦး ဆေးရုံ ဆင်းခွင့် ရရှိခဲ့ကြောင်း Covid-19 ရောဂါပိုးအခြေအနေနှင့် ပတ်သက်ပြီး ယနေ့ ဧပြီလ ၂၀ ရက်နေ့ ည ၈ နာရီတွင် ထုတ်ပြန်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာ(၆)ဦး ထပ်တိုး၊ ၄ ဦး ဆေးရုံဆင်း

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာ(၆)ဦး ထပ်တိုးတွေ့ရှိခဲ့သည့်အတွက် ယခု ဆိုလျှင် ရောဂါပိုး တွေ့ရှိကြောင်း အတည်ပြု လူနာ (၁၁၇) ဦး ရှိသွားပြီ ဖြစ်သည်။

ယင်းအပြင် လက်ရှိမြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိသူများ အနက် ပြန်လည် ကောင်းမွန်လာသူ (၉) ဦးရှိပြီဖြစ်ကာ ၆ ဦး (Case-003၊ Case-004၊ Case- 007၊ Case-009၊ Case-021၊ Case-015) တို့ ဆေးရုံဆင်းပြီး ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိသူများထဲတွင် သေဆုံးသူ (၅)ဦး ရှိသည်။

Comments

comments

Next Post

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာ(၂)ဦး ထပ်တိုး

Mon Apr 20 , 2020
ကန္တာရဝတီတိုင်း(မ်) မြန်မာနိုင်ငံတစ်ဝန်းတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာ(၂)ဦး ထပ်တိုးလာကြောင်း Covid-19 ရောဂါပိုးအခြေအနေနှင့် ပတ်သက်ပြီး ယနေ့ ဧပြီလ ၂၀ ရက်နေ့ ည ၁၁ နာရီတွင် ထုတ်ပြန်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်အရ သိရသည်။ မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာ(၂)ဦး ထပ်တိုးတွေ့ရှိခဲ့သည့်အတွက် ယခု ဆိုလျှင် ရောဂါပိုး တွေ့ရှိကြောင်း အတည်ပြု လူနာ (၁၁၉) ဦး ရှိသွားပြီ ဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိသူမျာ (၁၁၉) အနက် ပြန်လည် ကောင်းမွန်လာသူ (၉) ဦးရှိပြီဖြစ်ကာ ၆ ဦး ဆေးရုံဆင်းပြီး ဖြစ်ပြီး သေဆုံးသူ […]