ကန္တာရဝတီတိုင်း(မ်)
မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ယနေ့ ဧပြီလ ၂၄ ရက်နေ့ ည ၁၁ နာရီတွင် ထုတ်ပြန်သည့် စစ်ဆေးမှု (၃) သုတ်လုံး၏ စုစုပေါင်း ဓာတ်ခွဲစစ်ဆေးမှု အဖြေအရ COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာအသစ်(၅)ဦး ထပ်တိုးလာကြောင်း ဖော်ပြထားသည်။
ယနေ့ တစ်နေ့တည်းတွင် ဓာတ်ခွဲစစ်ဆေးမှု ပထမ-ဒုတိယ-တတိယ အသုတ်အဖြစ် ခွဲ၍ ဓာတ်ခွဲစစ်ဆေးခဲ့ရာ ပထမအသုတ်တွင် ရောဂါပိုးတွေ့ရှိသူ (၄) ဦးနှင့် ဒုတိယနှင့် တတိယ အသုတ်တွင် ၁ ဦးတို့ တွေရှိခဲ့ခြင်း ဖြစ်သည်။
ယခု ဆိုလျှင် မြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိကြောင်း အတည်ပြု လူနာ (၁၄၄) ဦး ရှိသွားပြီ ဖြစ်သည်။
ယခု ထုတ်ပြန်သော COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာအသစ်(၄)ဦးသည် ရန်ကုန်မှ ၃ ဦး၊ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်နှင့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှ ၁ ဦးစီတို့ ဖြစ်ကြသည်။
လက်ရှိမြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိသူမျာ (၁၄၄) အနက် ပြန်လည် ကောင်းမွန်လာသူ (၉) ဦးရှိပြီ ဖြစ်ပြီး သေဆုံးသူ (၅)ဦး ရှိပြီ ဖြစ်သည်။